BEC-TERO TV

အယ်လ်နီညိုရာသီဥတုကြောင့် တစ်ကမ္ဘာလုံးတွင် စားနပ်ရိက္ခာပြတ်လပ်မှု ဖြစ်နိုင် ကုလက သတိပေး

22 Feb 2016     1,527 Views


           ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကုလသမဂ္ဂရုံး (ဥခ့ေ) ၏ ထုတ်ပြန်ချက်အရ အာရှဒေသနှင့် ပစိဖိတ်ဒေသတို့တွင် အယ်လ်နီညို၏ ကွင်းဆက်များဖြစ်သည့်အပူလှိုင်းဒဏ်၊ ရေရှားပါးမှုဒဏ်နှင့် တောမီးလောင်ခြင်းတို့ကို၂ဝ၁၅ နှစ်လယ်ကစ၍ လူပေါင်းသန်းနှင့်ချီ ခံစားနေရသကဲ့သို့ ဇင်ဘာဘွေ၊ မိုဇမ်းဘစ်၊တောင်အာဖရိက၊ မာလာဝီနှင့် ဆွာဇီလန်နိုင်ငံတို့ရှိ ကျေးလက်ဒေသနေ ပြည်သူလူထုသန်း ၄ဝ နှင့် မြို့နေလူထု ကိုးသန်း၊ အီသီယိုပီးယားနိုင်ငံရှိ လူဦးရေ ၁ဝ သန်းနှင့် ဂွာတီမာလာနှင့်ဟွန်ဒူးရပ်စ်နိုင်ငံများရှိ လူဦးရေ ၂ ဒသမ ၈ သန်းတို့မှာလည်း စားနပ်ရိက္ခာ ရှားပါးမှုနှင့် တွေ့ကြုံ ရင်ဆိုင်နေကြရသည်။

          ''အာဖရိကတိုက် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ အာဟာရချို့တဲ့မှု အဆိုးဝါးအဆင့်ကိုရောက်ရှိနေတဲ့ကုသမှုခံယူဖို့လိုတဲ့ ကလေးတွေ တစ်သန်းနီပါးရှိနေပါတယ်။ နှစ် ၅ဝ အတွင်းအဆိုးဝါးဆုံးထဲက တစ်ခုဖြစ်တဲ့ အယ်လ်နီညိုဖြစ်စဉ်မှာ နှစ်နှစ်လောက်ကြာနေတဲ့ မိုးအချိန်အခါမမှန်တာနဲ့ရေခန်းခြောက်ာတွေပါ ပေါင်းလိုက်တော့ နုနယ်တဲ့ကလေးတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်လာပါတယ်'' ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၏ တောင်အာရိက ဒေသညွှန်ကြားရေးမှူးက ဆိုသည်။

            အယ်လ်နီညိုဖြစ်စဉ်များသည် ပစိဖိတ်သမုဒ္ဒရာရေများ ပူနွေးလာရာမှ မြစ်ဖျားခံဖြစ်ပွားပြီး မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း နှင့် ဆိုင်ကလုန်းမုန်တိုင်း အကြိမ်ရေစိပ်လာခြင်းတို့ထံ ဦးတည်လေ့ရှိသည်။ ယခုဖြစ်စဉ်မှာ နှစ်ပေါင်း ၃၅ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်ပြီးနောက် ခြောက်လအတွင်း အားပျော့လာနိုင်ခြေရှိသည့်တိုင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ယခုဖြစ်ပွားခဲ့ပြီး အခြေအနေများသည်ပင် နောက်ဆက်တွဲ ဆိုးကျိုးများ နောင်နှစ်နှစ်အထိ ရှိနေဦးမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက ဆိုသည်။

http://myanmar.mmtimes.com/


22 Feb 2016     1,527 Views




RELATED

Most Popular of Special or Others

Most Popular of NEWS