BEC-TERO TV

လူတွေရဲ့Selfieရိုက်ချင်မှုကြောင့် သေဆုံးခဲ့ရတဲ့လင်းပိုင်လေး

22 Feb 2016     1,372 Views


လူတွေရဲ့Selfieရိုက်ချင်မှုကြောင့် သေဆုံးခဲ့ရတဲ့လင်းပိုင်လေး

                            လူတွေရဲ့ အတ္တကြောင့် လင်းပိုင်လေး တစ်ကောင်သေခဲ့ရတဲ့ အဖြစ်အပျက် အာဂျင်တီးနားနိုင်ငံက ကမ်းခြေတစ်ခု မှာ ဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေဟာ လင်းပိုင်လေးကို ပင်လယ်ထဲကနေဆယ်ပြီး ဝိုင်းအုံကာSelfie အလုအယက် ရိုက်ခဲ့ကြပါတယ်။ ဆုဖလားတစ်ခုကို အသင်းသားတွေ တစ်ယောက်ပြီး တစ်ယောက်ကိုင်မြှောက်နေသလို တစ်ယောက်နဲ့တစ် ယောက် လက်ဆင့်ကမ်းနေခဲ့ကြပါတယ်။

                         La Plata လင်းပိုင်အမျိုးအစားဖြစ်ပြီး Franciscana လင်းပိုင်လို့လည်း လူသိများပါတယ်။ ဒီလင်းပိုင်လေးရဲ့ အလောင်းကိုတော့ Buenos Airesပြည်နယ်က အရှေ့မြောက်အရပ်မှာရှိတဲ့ Santa Teresita အပန်းဖြေကမ်းခြေမှာ တွေ့ခဲ့တာပါ။ ဒီလင်းပိုင်တွေရဲ့အရေခွံဟာ ထူထပ်လေ့ရှိပြီး အဆီများတဲ့ ထိုအသားအရေကပဲ သူတို့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းပေးထားတာပါ။ ဒါ့ကြောင့်သူ့ကို ရေထဲကနေ ထုတ်လိုက်တာနဲ့ မကြာမီမှာပဲ အပူဓာတ်ဆုံးရှုံးပြီး သေစေ နိုင်တာပါ။ ဒီလင်းပိုင်လေး သေဆုံးမှုကြောင့် တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့အစည်းတွေကလည်း လူတွေကို ဒီတိရစ္ဆာန်တွေရဲ့ သဘောသဘာဝကို သင်ကြားပေးဖို့ လိုနေပြီဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

                        ကမ္ဘာ့တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Alyx Elliott ကတော့ ‘ဒါဟာ ဝမ်းနည်းဖွယ်ရာ အဖြစ် အပျက်ဖြစ်ပြီး တော်တော်လည်း အဓိပ္ဗါယ်မဲ့တဲ့ လုပ်ရပ်ပါ။ ဒါဟာလူတွေရဲ့ အတ္တကို ညွှန်ပြနေပါတယ်။ လှလှပပ Selfie တစ်ပုံရဖို့သာ စိတ်ဝင်စားပြီး တိရစ္ဆာန်လေးတွေရဲ့ အသက်ကို တန်ဖိုးမထားတာ တော်တော်ဝမ်းနည်းဖို့ ကောင်းပါတယ်” လို့ဆိုခဲ့ပါတယ်။


22 Feb 2016     1,372 Views




RELATED

Most Popular of International News

Most Popular of NEWS