ယခင်ရှုခင်းသာပန်းခြံကို Yangon Waterboom အဖြစ် ပြောင်းလဲဖွင့်လှစ်မည့်
22 Feb 2016 2,147 Views

ယခင်ရှုခင်းသာပန်းခြံနေရာကို Yangon Waterboom အဖြစ် ပြောင်းလဲတည်ဆောက် ခဲ့ပြီး လာမယ့် ဖေဖော်ဝါရီလ (၂၉)ရက်နေ့မှာ စတင်လှစ်မှာဖြစ်ပါတယ်။ဒီကစားကွင်းမှာ ရေလွှာလျှောစီး ကစားနည်းပေါင်း (၂၀)ပါဝင်ပြီး၊ ရေလွှာလှိုင်းစီးခြင်း၊ ရေပေါ်အိမ်နဲ့ ကလေးတွေကစားနိုင်တဲ့ ကလေးရေကူးကန် စတာတွေနဲ့ နိုင်ငံတကာမှ ကစားနည်းမျိုး စုံ ပါဝင်မယ်လို့သိရပါတယ်။
ဒီကစားကွင်း(၂၀၁၃)ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ် ပါတယ်။ဝင်ကြေးအနေနဲ့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ မြန်မာကျပ်ငွေ လူကြီး(၂၅၀၀၀) ကျပ်၊ ကလေး(၂၀၀၀၀) ကျပ်နဲ့ ရုံးဖွင့်ရက်တွေမှာတော့ လူကြီး(၂၀၀၀၀) ကျပ်နဲ့ ကလေး(၁၅၀၀၀)ကျပ် သတ်မှတ်ထားပါတယ်။







