BEC-TERO TV

သတိထားပြီး မစားသင့်တဲ့ အစိမ်းရောင်သန်းတဲ့ အာလူး

23 Feb 2016     1,433 Views


အာလူးပါတဲ့အစားအစာဆိုတာ ကျွန်တော်တို့ စားပွဲတော်တော်များများမှာ ပါရှိတတ်တဲ့ အမယ်တစ်မျိုးလို့လည်း ပြောလို့ရပါတယ်။ အာလူးကို ကြိုက်သည်ရှိသော် မကြိုက်သည်ရှိသော် အခုမျှဝေပေးမယ့်အကြောင်းအရာကတော့ အာလူးနဲ့ပတ်သတ်တဲ့ ကျန်းမာရေးဂရုစိုက်မှုဖြစ်ပါတယ်။ အာလူးကို ပထမဆုံးအခွံခြစ်လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့အသားမှာ အစိမ်းရောင်ပါနေရင် စားသုံးဖို့မသင့်တော်ဘူးလို့ သိရပါတယ်။

ဘာကြောင့်လဲ ..?

ဒီဇာတ်လမ်းကိုစတင်ခဲ့တာက Solanine လို့ အမည်တွင်တဲ့ ဓာတုဓာတ်ပါတဲ့ အဆိပ်တစ်မျိုးကြောင့်ဖြစ်ပါတယ်။ သူက အာလူးနဲ့ ခရမ်းချဉ်သီးမှာ အဓီကတွေ့ရတဲ့ အဆိပ်တစ်မျိုးဖြစ်ပါတယ်။ အဆိပ်ဖြစ်ကြောင်းတွေ့ရှိခဲ့တာ ကတော့ ၁၈၂၀ ခုနှစ်ပိုင်း ဥရောပမှာ ဖြစ်ပါတယ်။ ဒီအစိမ်းရောင်သန်းနေတဲ့ အာလူးကိုစားသုံးမိမယ်ဆိုရင် မအီမသာ ဖြစ်လာမယ်၊ ဝမ်းလျှောတာတွေ၊ ပျို့အန်တာတွေဖြစ်မယ် ၊

နောက်အစာအိမ်ကို ထိခိုက်စေပြီး လည်ချောင်းကိုလည်း အပူကန်စေနိုင်တယ်၊ ကယောင်ချောက်ချား ဖြစ်မယ် ၊ နောက်ဆုံး ခေါင်းကိုက်ခြင်းနဲ့ ခေါင်းမူးခြင်းကိုပါဖြစ်စေနိုင်တဲ့ အစာဆိပ်တက်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို အစိမ်းရောင်သမ်းနေရခြင်းကလည်း နေရောင်ခြည်နဲ့အစာချက်လုပ်ဆောင်ခြင်းဓာတ် chlorophyll များစွာ ပါရှိနေတဲ့အတွက်ကြောင့် ဆိုထားပါတယ်။ ဒါကြောင့် ဈေးနဲ့ စူပါမားကတ်တစ်ချို့မှာလည်း ဒီလိုအစိမ်းရောင် သန်းနေတဲ့ အာလူးများကိုမရောင်းချဖို့ တားမြစ်ထားပါတယ်။

အလွယ်တကူ ဈေးပေါပေါနဲ့ရရင်လည်း မဝယ်စားသင့်ပါဘူး။ အကယ်လို့ မိမိချက်တဲ့အခါ အစိမ်းရောင်အပိုင်းဟာ တစ်စိတ်တစ်ပိုင်း အနေနဲ့ပါဝင်နေမယ်ဆိုရင်လည်း ထိုပါဝင်နေတဲ့အပိုင်းကို လှီးထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ အစိမ်းရောင်ပါတဲ့ အာလူးဟာ လတ်ဆတ်တာမဟုတ်ဘဲ အဆိပ်ဖြစ်စေတတ်တာကို သတိပြုနိုင်ဖို့နဲ့ စားသုံးမိသူများအနေဖြင့် အစာအဆိပ်သင့်ခြင်းဖြစ်ပွားနိုင်ပြီး မိမိကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တာမို့ အသိပညာပေး မျှဝေလိုက်ရပါတယ်။

 

 


23 Feb 2016     1,433 Views




RELATED

Most Popular of Special or Others

Most Popular of NEWS