အနုပညာတက္ကသိုလ်နှင့် ထိုင်ဝမ်အော်ဂတ်စရာအဖွဲ့ ဂီတပွဲပူးပေါင်း ကျင်းပ
23 Feb 2016 1,574 Views

မြန်မာ့ရိုးရာ တူရိယာပစ္စည်းများနဲ့ ထိုင်ဝမ်မှ အော်ဂတ်စရာအဖွဲ့တို့ ပူးပေါင်းပါဝင်တဲ့ A Golden Evening of Music ပွဲကို ဖေဖော်ဝါရီ (၂၁)ရက်က ရန်ကုန်မြို့ရှိ အမျိုးသားက ဇာတ်ရုံမှ ကျင်းပခဲ့ပါတယ်။A Golden Evening of Music ပွဲကိုတော့ ဂီတကိုစိတ်ဝင် စားတဲ့ နိုင်ငံခြားသား (၃)ဦးက ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အရင်နှစ်တွေက အနောက်တိုင်းတူရိယာများနဲ့သာ ယဉ်ကျေးမှု တက္ကသိုလ်က ပညာရှင်များက ဖျော်ဖြေ ခဲ့ပါတယ်။
ဒီနှစ်မှာတော့ ထိုင်ဝမ်ကဆရာဝန်တွေပါဝင် ဖွဲ့စည်းထားတဲ့ သံစုံတီးဝိုင်းနဲ့အ တူ တီးခတ်ဖျော်ဖြေခဲ့ကြပါတယ်။ယဉ်ကျေးမှု တက္ကသိုလ်မှပညာရှင်များက သံစုံတီးဝိုင်း နဲ့တွဲဖက်တီးခတ်မှုနဲ့အတူ ဆောင်းရယ်နှင်းရယ် ကိုယ့်ချစ်သူရယ် သီချင်းကိုပါ သီဆိုဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။







