BEC-TERO TV

သဘာ၀ အသီးအရွက် တွေနဲ့ သင့် ဗိုက်ခေါက်ကို လျှော့ချ လိုပါ သလား?

23 Feb 2016     2,261 Views


ဒီနည်းကို စမ်းသပ်ခဲ့သူတစ်ဦးကတော့ တကယ်ကိုအသုံးဝင်ပြီး တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၉ ပေါင်ခန့် လျော့ကျသွားကာ၊ ခါးဆိုဒ်ကိုလည်း ၄ လက်မခန့်အထိ လျှော့ချနိုင်ခဲ့တယ်လို့ ညွှန်းဆိုထားပါတယ်။ အကုန်အကျလည်းနည်းပြီး လွယ်ကူတဲ့နည်းမို့ စမ်းသပ်လိုသူများအတွက် မျှဝေလိုက်ပါတယ်။ ဒီနည်းအတွက် သဘာဝဖျော်ရည်တစ်မျိုးကို နေ့စဉ်သောက်သုံးရမှာ ဖြစ်ပါတယ်။
 
ဖျော်ရည်ရဲ့ ပါဝင်ပစ္စည်းတွေကတော့
 
- ပူစီနံအနည်းငယ်
- ဂျင်းအနည်းငယ်
- သံပယိုသီးတစ်လုံး
- သခွားသီးတစ်လုံး
- ရေသန့် ၈ ခွက်ခန့် (၂၅၀ ml ဆန့်ခွက်ဖြင့်)
 
ပြုလုပ်နည်း
 
ဦးစွာ သံပယိုသီးကို ရေနွေးပူဖြင့် စင်ကြယ်အောင် ဆေးကြောလိုက်ပါ။ ထို့နောက် နှစ်ခြမ်းပိုင်းလို့ အစေ့လေးတွေကိုဖယ်ထုတ်ကာ၊ အစိတ်သေးသေးလေးများအဖြင့် ထပ်မံပိုင်းဖြတ်လိုက်ပါ။ အဆိုပါ ပိုင်းဖြတ်ထားသော သံပယိုသီးစိတ်များကို ရေထဲထားသော ပန်းကန်လုံး (သို့မဟုတ်) ဇလုံထဲသို့ ၈နာရီခန့် ထည့်၍ စိမ်ထားပါ။
 
ထို့နောက် သခွားသီးကို အခွံနွှာ၊ အစိတ်ဝိုင်းလေးတွေလှီးလို့ သံပယိုသီးစိမ်ထားသော ရေထဲသို့ထည့်ပါ။ ပြီးနောက် ပူစီနံအနည်းငယ် (၁၂ ရွက်ခန့်)၊ အခွံနွှာထားသော ဂျင်းစိတ်အနည်းငယ်တို့ကိုပါ ထည့်၍ ရောစိမ်ပါ။ ပြီးရင်တော့ အရည်ကိုမွှေလို့ အဖုံးအုပ်ကာ ရေခဲသေတ္တာထဲသို့ထည့်ပြီး တစ်ညခန့် သိပ်ထားပါ။
 
နောက်တစ်နေ့တွင်တော့ ၎င်းဝိတ်လျှော့ဖျော်ရည်ကို ရေစစ်ဖြင့်စစ်၍ သင်ရေဆာတိုင်း သောက်သုံးပေးပါ။ အထက်ပါနည်းဟာ တစ်ရက်စာအတွက်ဖြစ်ပြီး ထိုကဲ့သို့ ၄ ရက်ခန့် သောက်သုံးပေးလျှင် သင့်အတွက် သိသာလေး ရလာဒ်တစ်ခု ရရှိမယ်လို့ ဆိုပါတယ်။ လွယ်ကူပြီး အကုန်အကျသက်သာကာ အန္တရာယ်ကင်းတဲ့နည်းမို့ မျှဝေလိုက်ပါတယ်။
 
အားလုံးပဲ ဆွဲဆောင်မှု့ပြည့်ဝသော ခန္ဓာကိုယ်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။
 
Ref: healthandhealthytips

23 Feb 2016     2,261 Views




RELATED

Most Popular of Special or Others

Most Popular of Life Style