BEC-TERO TV

အသက်(၃၀) ဝန်းကျင်မှ လက်ထပ် ခြင်းရဲ့ အကျိုးကျေးဇူးများ

24 Feb 2016     1,400 Views


အခုနောက်ပိုင်း အရမ်းငယ်သေးတဲ့ လက်ထပ် နေကြတာကို မကြာမကြာ တွေ့နေရပါတယ်။ ကျွန်မ အမြင်အရတော့ လူနှစ်ဦး ပေါင်းစပ်တဲ့ အခါမှာ ဘ၀တစ်ခုကို အခြေတကျ ဖန်တီးနိုင်တဲ့ အချိန်ကျမှ လက်ထပ်တာ အကောင်းဆုံးပဲလို့ ထင်ပါတယ်။

ကိုယ့်ရဲ့ လက်တွဲဖော်ကို တွေ့ပြီဆိုရင်တောင် ပြင်ဆင်စရာတွေ အများကြီး ရှိပါသေးတယ်။ အစောတလျင် လက်ထပ်တာက ဘ၀ကို အစီအစဉ်တကျ ကြိုတင် ပြင်ဆင်ပြီး လက်ထပ်တာလောက် မချောမွေ့နိုင်တာတော့ အသေအချာပဲဖြစ်ပါတယ်။

အိမ်ထောင်တစ်ခု ထူထောင်ရာမှာ အိမ်ထောင်ဖက်နှစ်ယောက်ရဲ့ စိတ်နေသဘောထား၊ကံတရား ၊ နားလည်မှုစတာတွေနဲ့ အများကြီးဆိုင်ပေမဲ့ တခြားလိုအပ်တာတွေလည်း အများကြီးရှိပါသေးတယ်။ ဒါကြောင့်အသက် ၃၀ အရွယ်မှ လက်ထပ်ရင် ရရှိနိုင်တဲ့ အကျိုးတွေကတော့ -

၁) အသက် ၃၀ အရွယ်အထိ လူအများကြီးနဲ့ ကြုံတွေ့လာခဲ့ရတဲ့အတွက် ကိုယ်နဲအ့သင့်လျော်ဆုံး ဖြစ်မယ့်သူကို သိနိုင်ပါပြီ။ သူ့ဆီက ကိုယ်ဘာလိုချင်မှန်းသိသလို ကိုယ့်က ဘာပြန်ပေးရမလဲဆိုတာ သိနိုင်တဲ့အရွယ်ဖြစ်ပါတယ်။

၂) ကိုယ့်မင်္ဂလာပွဲမှာ ကိုယ့်မိဘရဲ့မိတ်ဆွေထက် ကိုယ့်မိတ်ဆွေက ပိုများမှာ ဖြစ်ပါတယ်။

၃) ဘ၀ဆိုတာ အရှည်ကြီးဖြတ်သန်းရမှာ ဖြစ်လို့ ကိုယ်တစ်ယာက်တည်း လွတ်လပ်တဲ့ ဘ၀ကို ပြည့်ပြည့်၀၀ ခံစားပြီးမှ အိမ်ထောင်ပြုတဲ့အတွက် ကိုယ့်ရဲ့ ရပိုင်ခွင့်ကို ရအောင်ယူနိုင်ခဲ့သလို ခံစားရမှာပါ။

၎) အရွယ်ရောက်ပြီးမှ ယူတဲ့အတွက် ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အချိန်ရပါတယ်။ အိမ်ထောင့်တာဝန် ထမ်းရတဲ့အချိန်မှာ ဦးစားပေးရမယ့်အရာတွေများလာတဲ့အတွက် ကိုယ်ဖြစ်ချင်တာတိုင်းကို အကောင်အထည်ဖော်ဖို့ အကန့်အသတ်တွေရှိနိုင်ပါတယ်။

၅)ကိုယ့်မှာ ကိုယ်ပိုင်အလုပ်တစ်ခုရှိတဲ့ အရွယ်ဖြစ်တဲ့အတွက် မင်္ဂလာဆောင်အတွက်ပြင်ဆင်ရတာတွေကို မိဘအပေါ်ပဲ မှီခိုနေရတာမျိုး မရှိတော့ပါဘူး။

၆)ကိုယ့်ရှေ့ရေးအတွက်လည်း သေသေချာချာ စီစဉ်ဖို့ အချိန်ရပါတယ်။

၇)အသက်၃၀အရွယ် မှာ လက်ထပ်တဲ့အတွက် ကိုယ့်အဖော်ဖြစ်သူကို အမှီအခိုကင်းကင်း ချစ်နိုင်ပါတယ်။ ဆိုလိုတာက ငယ်သေးတဲ့အရွယ်မှာလို လူမှုရေးလိုအပ်ချက်တွေကြောင့် တစ်ယောက်ကို တစ်ယောက် မှီခိုနေရတာမျိုး မဟုတ်ဘဲ လွတ်လွတ်လပ်လပ် ချစ်နိုင်တာကို ပြောတာပါ။

၈)ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ သိပြီးဖြစ်တဲ့အရွယ်ဖြစ်တာကြောင့် သူများအကြိုက် ဟန်ဆောင်ပြောင်းလဲဖို့မလိုအပ်ပါဘူး။ကိုယ့်အနေအထားနဲ့ကိုယ် အဆင်ပြေအောင်နေတတ်တဲ့ အချိန်ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ အားလုံးခြုံပြီးပြောရမယ် ဆိုရင်တော့ ကိုယ်ဘယ်သူလဲ ဘယ်လိုလူစားမျိုးလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိပြီးတဲ့ အချိန်မှ လက်ထပ်တာ အကောင်းဆုံးဖြစ်ပါတယ် လို့ဆိုချင်ပါတယ်။


24 Feb 2016     1,400 Views




RELATED

Most Popular of Special or Others

Most Popular of Life Style