BEC-TERO TV

ခြေဖနှောက် အက်ကွဲခြင်းကို အကောင်းဆုံး ကုသ ပေးနိုင်မယ့် နည်းလမ်း (၂) ခု

24 Feb 2016     1,735 Views


ခြေဗလာနဲ့ လမ်းလျှောက်ခြင်းက အားလုံးထဲ ပျော်ဖို့ အကောင်းဆုံး ခံစားမှုတစ်ခု ဖြစ်ပါတယ်။ သို့မဟုတ် နွေရာသီ ရက်တွေမှာ ညှပ်ဖိနပ်စီးခြင်း၊ သို့မဟုတ် ကမ်းခြေမှာ ခြေဗလာ လမ်းလျှောက်ခြင်းနဲ့ လှိုင်းစီးခြင်း တို့ကို လုပ်ဆောင်ရတာ နှစ်သက်သဘောကျသူ များစွာရှိကြပေမယ့် ခြေဖဝါး အက်ကွဲခြင်းက ဒါတွေ မလုပ်ဆောင်ဖို့ တားမြစ်ထားပါတယ်။ ခြေဖဝါး အက်ကွဲခြင်းပြသနာ ကျော်လွှားစေမယ့် ရိုးရှင်းသော ဆေးနည်း (၂) ခု ရှိပါတယ်။
 
သံပုယိုသီး
 
သံပုယိုရည်က အရောင်ချွတ်ပစ္စည်းအဖြစ် အသုံးပြုရုံမက အရေပြားကို ဖြူဖွေးစေခြင်းနဲ့ ခြေဖဝါး အက်ကွဲခြင်း ကုသခြင်းအတွက် အထူးကောင်းမွန်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ သံပုယိုသီးကို နှစ်ခြမ်းလှီးပြီး တစ်ခြမ်း ယူပါ။ အဲဒီ သံပုယိုသီး တစ်ခြမ်းလေးကို အရည်ညှစ်ထုတ်ရင်း ခြေဖဝါးအက်ကွဲကြောင်းထဲ ဝင်အောင် ပွတ်လိမ်းပေးပါ။ ၅ မိနစ်ခန့် လုပ်ပေးရပါမယ်။ နောက် နူးညံ့တဲ့ အဝတ်စလေး သို့မဟုတ် စုတ်တံလေးနဲ့ ညင်သာစွာ ပွတ်ပေးပါတယ်။ ရေဖြင့် ပြန်ဆေးပေးရပါမယ်။ နောက် သံပုယိုသီးတစ်လုံး ညှစ်ထည့်ထားတဲ့ ရေနွေးပုံးငယ်လေး တစ်ခုထဲမှာလည်း ခြေထောက်ကို စိမ်ပေးနိုင်ပါတယ်။ ခြေထောက်ကို ၁၅-၂၀ မိနစ်လောက် စိမ်ပေးပါ။ ဒါကို တစ်ပတ် ၂-၃ ကြိမ် လုပ်ပေးပါ။ သံပုယိုရည်ကို ကြိတ်ခြေထားတဲ့ သင်္ဘောသီးပျစ်ရည်နဲ့ ရောစပ်ပြီး ခြေဖဝါး အက်ကွဲရာတွေမှာ လိမ်းပေးနိုင်ပါတယ်။ ၁၅-၂၀ မိနစ်ကြာပြီးနောက် ရိုးရိုးရေနဲ့ ဆေးကြောပေးပါ။
 
ငှက်ပျောသီးနဲ့ ထောပတ်သီးရည်ပျစ်ပျစ်
 
လွယ်ကူပြီး ဘေးဥပဒ်တွေမရှိတဲ့ နောက်နည်းလမ်းတစ်ခုက ငှက်ပျောသီးနဲ့ ထောပတ်သီးဖြင့် ပြုလုပ်တဲ့ အရည်ပျစ်ပျစ်လေးကို လိမ်းပေးခြင်း ဖြစ်ပါတယ်။ ထောပတ်သီးမှာလည်း essential oils ၊ vitamins နဲ့ အသားရေ ထိန်းသိမ်း ပြုပြင်ပေးတဲ့ အဆီတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ငှက်ပျော်သီးကျတော့ အလှဆီကဲ့သို့ စွမ်းဆောင်ပေးပြီး အသားရေကို ပိုမိုနူးညံ့ချောမွေ့စေပါတယ်။ ငှက်ပျောသီးမှည့် (၁) လုံး နဲ့ ထောပတ်သီး တစ်ခြမ်းကို ရောကြိတ်ပြီး ပန်းကန်တစ်ခုမှာ ပြောင်းထည့်ပါ။ ရလာတဲ့ အရည်ပျစ်ပျစ်လေးကို အက်ကွဲနေတဲ့ ခြေဖဝါးကို လိမ်းကျံပြီး ၁၅-၂၀ မိနစ်ထားပါ။ ပြီးနောက် ရေနွေးနဲ့ ဆေးချပေးပါ။ ဒီအတိုင်း ပုံမှန် လုပ်ပေးရပါမယ်။
 
အထက်ပါ နည်းလမ်း (၂) ခုကတော့ ခြေဖနှောက်အက်ကွဲခြင်းကို သိသိသာသာ ကုသပေးနိုင်မှာ ပဲဖြစ်ပါတယ် ။

24 Feb 2016     1,735 Views




RELATED

Most Popular of Special or Others

Most Popular of Life Style