ပန်းချီဆရာ ၃၄ ယောက်နဲ့ ပေါင်းစုပြီး ပြသတဲ့ ပန်းချီပြပွဲ
24 Feb 2016 1,736 Views

မန္တလေးမြို့မှ ပန်းချီဆရာများ ရန်ကုန်မြို့နှင့် ပုဂံမှ ပန်းချီဆရာတွေ ပေါင်းစုပြီးတော့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ရှိတဲ့ The Yangon Gallery မှာ ၅ ရက်တိုင် ပြသနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပြသသည့် ရက်ဟာ ၄ ရက်လောက် ပြသပြီးသွားပြီ ဖြစ်ပြီး မနက်ဖြန်ဆိုရင်တော့ နောက်ဆုံးနေ့သို့ ရောက်ရှိလို့ သွားပါပြီ။ အဲဒီပြပွဲမှာ မြန်မာ့ အမွေအနှစ်များ ခေတ်အဆက်ဆက်မှ ယဉ်ကျေးမူများကို ပြသထားပါတယ်။
အထူးသဖြင့်ကတော့ မန္တလေး မြို့ရဲ့ အထင်ကရ ပုံရိပ်များကို အံ့မခန်းလောက်အောင် ရေးခြယ်ပြသထားပါတယ်။ ဒါကြောင့် လာရောက်ကြည့်ရှုကြတဲ့ ပန်းချီဝါသနာ ပါသူများ အဖို့ကတော့ တမူထူးခြားလှတဲ့ ပန်းချီလက်ရာများကို မြင်တွေ့စေပါလိမ့်မယ်။ မနက်ဖြန် တစ်ရက် ကျန်သေးတာမို့ ဝါသနာပါသူများ သွားရောက် ကြည့်ရှုနိုင်ပါသေး တယ်။
Credit ; Yoyarlay







