BEC-TERO TV

အစိုးရသစ်ကို ခန့်စည်သူ ဘာတွေ တောင်းဆိုချင်လဲ

24 Feb 2016     1,420 Views


       ဗီဒီယို ဈေးကွက် ပျက်စီးနေတာကြောင့် ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူး မှု တော်တော်လေး နည်းပါးလာနေတဲ့အပေါ်မှာ ခန့်စည်သူက “ကျွန်တော်တို့ လိုချင်တာတော့ တရားဥပဒေ စိုးမိုးရေးပေါ့။ တရား ဥပဒေ မစိုးမိုး သမျှ ကာလပတ်လုံး သူခိုးက ခေါင်း ထောင်နေမှာပဲ။ နယ်ပယ်တိုင်း၊ နယ်ပယ်တိုင်းမှာ လူတိုင်းပြောတတ် တဲ့စကား ရှိတယ်။ ကြီးတဲ့ အမှု ငယ်အောင်လုပ်ရမယ်တဲ့။

       ဒါပေမဲ့ ဒီပြဿနာမှာတော့ ကြီးတဲ့အမှု ကြီးလေး သလို ပြစ်ဒဏ်ချ မှတ်ဖို့လိုတယ်။ သူခိုး မိရင် ငွေ ဒဏ် တစ်သိန်း သို့မဟုတ် ထောင် ၆ လဆိုတော့ ကျွန်တော် ဆိုရင်လည်း တစ်သိန်း ၁ဝခါဆောင် လိုက်တော့မယ်။ သိန်းတစ်ရာ သို့မဟုတ် ထောင် ၆ လဆိုရင်တော့ ကောင်းတာပေါ့” လို့ပြောပါတယ်။ မကြာမီ ပြောင်းလဲ လာတော့မယ့် အစိုး ရသစ်ကို အနုပညာသမား တစ်ယောက် အနေနဲ့ ဘာဆောင်ရွက်ပေးစေ ချင်လဲ လို့ မေးတော့ “ဒီအစိုးရသစ် ကို စောင့်ကြည့် မယ်ပြောရင် ကျွန်တော်တို့ အနေနဲ့ တစ် ကိုယ်ကောင်းဆန်ရာ ကျမယ်။ သူလည်း ရုန်းကန်ရမှာတွေ အများကြီး ရှိတယ်။ ဒီအစိုးရကို စောင့်ကြည့်ပြီး အမှားတွေ့ ရင် ဒါမှားတယ် ဆိုပြီး လိုက်ပြောနေမှာ မဟုတ်ဘူး။

       ကျွန်တော် တို့လည်း တစ် တပ် တစ်အားနဲ့ ဘယ်နေရာက ပါဝင်ပြီး ကူညီရမလဲ၊ ခေတ်ပျက်တော့ မှ အလုပ် လုပ်ရတဲ့ အစိုးရဖြစ်တဲ့ အတွက် ပူးပေါင်း ကူညီ ဖို့ အဆင်သင့်ပဲ။ ကျွန်တော်တို့ဘက် ကလည်း ပြန်တောင်းဆိုချင်တာတစ်ခု ပဲရှိတယ်။ တရားဥပဒေ စိုးမိုးအောင်၊ သမာသမတ် ကျအောင် လုပ်ပေးပါ”လို့ ပြော ပါတယ်။

       ခန့်စည်သူက ဒါရိုက်တာ စတီး ရိုက်ကူးတဲ့ “သမီးကလေးရွာ” ရုပ်ရှင်ဇာတ်ကား ကို ထွန်းကိုကို ၊ ရွှေမှုန်ရတီ တို့နဲ့ ရိုက်ကူးခဲ့ပြီး အပြင်မှာ တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြောင်း အရာကို အခြေခံပြီး ရိုက်ကူး ထားတာ ဖြစ်ကြောင်း သိရ ပါတယ်။ http://popularmyanmar.com/afpopular/


24 Feb 2016     1,420 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment