“Formation” ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်တွင် ဖျော်ဖြေရေးရက် ထပ်မံဖြည့်တင်းခဲ့တဲ့ Beyonce
24 Feb 2016 1,648 Views

Beyonce ရဲ့ “Formation” ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ် ဗြိတိန် ဖျော်ဖြေရေးခရီးအတွက် လက်မှတ်များကို ဖေဖော်ဝါရီ ၁၆ ရက်က ရောင်းချပေးခဲ့တာ မိနစ်သုံးဆယ် အတွင်း ရောင်းကုန်ခဲ့ပြီး လန်ဒန်မြို့ရှိ Wembley အားကစားကွင်း၌ ကျင်းပ ပြုလုပ်မည့် နောက်တိုး ဖျော်ဖြေရေးရက်ကို ကြေညာခဲ့ပါတယ်။ Beyonce က ဖျော်ဖြေပွဲပြီးနောက် တစ်ရက်အကြာ ဇူလိုင် ၃ ရက်တွင် Wembley အားကစားကွင်း၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နောက်တိုး ဖျော်ဖြေပွဲအတွက် လက်မှတ်များကို လည်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ရောင်းချပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက် မနက်က လက်မှတ်များကို ဝယ်ယူနိုင်ခဲ့ခြင်း မရှိသည့်အတွက် ပရိသတ်ထောင်ပေါင်များစွာ စိတ်ပျက်ခဲ့ရပြီး တွစ်တာပေါ်တွင် Beyonce ၏ လက်မှတ်ဈေးနှုန်း မြင့်မားမှုအပေါ် မကျေမနပ် ပြောဆိုနေကြပြီး ဈေးအပေါဆုံး လက်မှတ်သည် စတာလင်ပေါင် ၅၀ ခန့်ရှိကြောင်း ပြောဆိုနေကြသည်။
၂၀၁၃ ခုနှစ်က နောက်ဆုံးအကြိမ် ကမ္ဘာလှည့်ဖျော်ဖြေရေး ပြုလုပ်ခဲ့ကြောင်း နှင့် “Mrs Carter” ဖျော်ဖြေပွဲသည် ရက်ပေါင်း ၁၃၂ ရက် ကြာခဲ့သည်။ Beyonce သည် ၂၀၁၄ ခုနှစ် က ခင်ပွန်းဖြစ်သူ ဂျေဇီးနှင့်အတူ “On The Run ” ဖျော်ဖြေပွဲ တွင် ပါဝင် ဖျော်ဖြေခဲ့ပါသည်။





