BEC-TERO TV

ဖေဖော်ဝါရီ လ ၂၅ ရက် မှ ၂၈ အထိ လျှပ်စစ်ဓါတ်အား အချိန်ပိုင်း ဖြတ်မည်

25 Feb 2016     1,692 Views


ပြည်တွင်းကို ပို့လွှတ်နေတဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ နေရာတွေဖြစ်တဲ့ ရတနာနဲ့ ပတ္တမြားလုပ်ကွက်တွေမှာ ပိုက်ဆက်လုပ်ငန်းတွေနဲ့ အခြားပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လေးရက်ကြာလုပ်မှာကြောင့် ရန်ကုန်မြို့အတွင်းက မြို့နယ်အချို့မှာ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိ မြို့နယ်အချို့ရဲ့လျှပ်စစ်ဓာတ်အား သုံးစွဲတာများတဲ့အချိန်မှာ နာရီပိုင်းလောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အား သုံးတာမြင့်မားတဲ့ အချိန်တွေဖြစ်တဲ့ မနက် ငါးနာရီကနေ ည ၁၀ နာရီကြားမှာ မီးသုံးစွဲတာ များလာမယ်ဆိုရင် ဓာတ်အား ယာယီ ဖြတ်တောက်တာတွေကို အဆင်ပြေသလို လုပ်သွားမှာဖြစ်ပြီး တစ်ခါဖြတ်ရင် တစ်နာရီကနေ နှစ်နာရီလောက်အထိ ကြာမယ်လို့ လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်တွေအားလုံးနဲ့ သာကေတ ၊ ဒေါပုံ ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ နဲ့ သင်္ကန်းကျွန်း၊ ဗဟန်း ၊ လမ်းမတော်၊ အလုံ ၊ဒဂုံ၊ စမ်းချောင်း၊ မရမ်းကုန်း၊ ကမာရွတ်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လိုင်သာယာ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှည်းကူး စတဲ့ မြို့နယ်တွေမှာ မီးဖြတ်တောက်တာတွေ လုပ်သွားမယ်လို့ သိရပါတယ်။
 


25 Feb 2016     1,692 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS