BEC-TERO TV

မြောက်ဥက္ကလာပ မြို့နယ်မှ ဓါးထိုးမှု

25 Feb 2016     1,634 Views


မြောက်ဥက္ကလာပမြို့ နယ် (ဆ)ရပ်ကွက် ခေမာသီလမ်း တွင် လူငယ်နှစ်ဦး စကားများရန် ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ဓားထိုးခံရသူ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီကျော်တွင် ခေမာသီလမ်း ဘုရားကျောင်းလမ်းပေါ်၌ လူငယ်နှစ်ဦး စကားများရန်ဖြစ်ရာမှ စားဖား(ခ)ကျော်နိုင်ဦးဆိုသူက ချမ်းမြေ့အောင်ဆိုသူကို အသင့်ပါ လာသည့် ဓားဖြင့်ထိုးခဲ့၍ ချမ်းမြေ့ အောင်အား ဆေးရုံသို့ ပို့ဆောင် စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။

‘‘သူတို့နှစ်ယောက်က အရင်ကတည်းက ရန်ငြိုးရန်စ ရှိပါတယ်။ တစ်ယောက်နဲ့ တစ် ယောက် နေတဲ့ရပ်ကွက်ကလည်း မတူပါဘူး။ ဓားနဲ့ ထိုးတဲ့သူကို လည်း အခင်းဖြစ်နေ့ ညပိုင်းမှာ ပဲ ဖမ်းဆီးရမိခဲ့ပါတယ်။ သေဆုံး သူကတော့ မြောက်ဥက္ကလာဆေး ရုံကိုအပို့ လမ်းမှာ သေဆုံးသွား တာပါ။ ကျန်တာတွေကတော့ စစ် နေတုန်းပါ’’ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ လူ ငယ်အများစုသည် ညအချိန်အပြင်ထွက်ရာတွင် ဓားတို၊ ခေါက်ဓားများ ဆောင်ထားပြီး ပြဿနာ ဖြစ်ပွားသည့်အခါ မိမိ၌ ယူဆောင်လာသည့် ဓားဖြင့် ဖြေရှင်းကြ၍ အပြင်းအထန်နာကျင်စေမှုနှင့် လူသတ်မှုများ ဖြစ်ပွားရကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ဒီနောက်ပိုင်း လူငယ်တော် တော်များများက ဓားတွေဆောင်၊ တုတ်တွေ ဆောင်ကြတယ်။ သောက်စားမူးယစ်လာတဲ့အခါ သွေးဆူလာတယ်။ မစဉ်းစားတော့ဘူး။ လက်ထဲမှာပါလာတဲ့ ဓားမ ဟုတ်ရင် တုတ်နဲ့ အရင်လုပ်တယ်။ မူးနေတဲ့အခါ၊ ဒေါသထွက်နေတဲ့ အခါကျတော့ ဘာမှမမြင်တော့ ဘူး။ သေချာစဉ်းစားကြည့်ရင် သေ သွားတဲ့သူလည်း မတန်သလို သတ်တဲ့သူအတွက်လည်း ဘာမှ အမြတ်မရှိပါဘူး’’ဟု ၎င်းက ပြော သည်။

သေဆုံးခဲ့သည့် ချမ်းမြေ့ အောင်တွင် ရင်အုံ၌ ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ပွန်းပဲ့ဒဏ်ရာ များဖြင့် သေဆုံးခဲ့ပြီး လူသတ်မှု ကျူးလွန်သူ စားဖား(ခ)ကျော်နိုင် ဦးကို မြောက်ဥက္ကလာပရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ် ဆေးနေကြောင်း သိရသည်။
 


25 Feb 2016     1,634 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS