BEC-TERO TV

နီပေါနိုင်ငံ အနောက်ပိုင်းတွင် လေယာဉ်ငယ် တစ်စင်း ပျောက်ဆုံးပြန်

25 Feb 2016     1,325 Views


နိုင်ငံခြားသားနှစ်ဦးအပါအ၀င် လူ ၂၁ ဦးလိုက်ပါသွားသည့် လေယာဉ်ငယ်တစ်စင်းသည် နီပေါနိုင်ငံအနောက်ပိုင်းတွင် ပျောက်ဆုံးသွားကြောင်း လေဆိပ်အရာရှိ တစ်ဦးက ဖေဖော်ဝါရီ ၂၄တွင် ပြောသည်။

ခရီးသည် ၁၈ ဦးနှင့် လေယာဉ်အမှုထမ်း ၃ ဦးလိုက်ပါသွားခဲ့သည့် Tara Air ၏ Twin Otter လေယာဉ်သည် ခတ္တမန္ဒူ၏ အနောက်ဘက် ၁၂၅ ကီလိုမီတာကွာဝေးသော ပုတ်ခရမှ ဂျွမ်ဆွမ်သို့ ပျံသန်းစဉ် ထိန်းချုပ်ရေးတာဝါနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

"ရဟတ်ယာဉ်နှစ်စင်းနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်နေပါတယ်။ အခုအချိန်အထိတော့ လေယာဉ်ရဲ့ အစအနကိုတောင်မတွေ့ရသေးပါဘူး"ဟု ပုတ်ခရလေဆိပ်အရာရှိ ယိုဂျင်ဒရာကွန်ဝါက ပြောသည်။
 


25 Feb 2016     1,325 Views




RELATED

Most Popular of International News

Most Popular of NEWS