ယောက်ျား မရှိတဲ့ အမျိုးသမီးတွေ ဖုန်းအသုံးပြု ခွင့်မရှိတဲ့ အိန္ဒိယနိုင်ငံက ပြည်နယ်
25 Feb 2016 1,509 Views

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က ရွာတစ်ရွာဟာ အိမ်ထောင်မရှိတဲ့ အမျိုးသမီးတွေကို ဖုန်းသုံးခွင့်ပိတ်လိုက်ပါတယ်။ Suraj လို့ခေါ်တဲ့ အဆိုပါရွာက အမျိုးသမီးတွေဟာ တားမြစ်ချက်ကို ချိုးဖောက်ခဲ့မယ်ဆိုရင်ရူပီး ၁၂၀၀ ဒဏ်ငွေဆောင်ရမှာဖြစ်ပြီး သတင်းပေးသူကတော့ ဆုငွေ ရူပီး ၂၀၀ ရရှိမှာဖြစ်ပါတယ်။
အင်တာနက်သုံးခြင်းဟာ အချိန်ဖြုန်းခြင်းသာဖြစ်ပြီး အမျိုးသမီးတွေဟာ သူတို့အချိန်တွေကို အခြားကိစ္စတွေမှာ အသုံးပြုသင့်တယ်လို့ ရွာခေါင်းဆောင် Devshi Vankar က ပြောကြားထားတယ်လို့ သိရပါတယ်။ ရွာလူဦးရေ ၂၅၀၀ ကလည်းအဆိုပါ တားမြစ်ချက်ကို လက်ခံထားပါတယ်။
အမျိုးသားတွေအရက်သောက်တာနဲ့ အမျိုးသမီးတွေဖုန်းသုံးတဲ့ ကိစ္စနှစ်ခုဟာ လူ့အဖွဲ့အစည်းတွင်း ပြဿနာတော်တော်များများကိုဖန်တီးနေတယ်လို့ ဂူဂျာရတ်ပြည်နယ်မြောက်ပိုင်းက ဒေသခံခေါင်းဆောင်တစ်ဦးကလည်း ပြောကြားထားပါတယ်။