BEC-TERO TV

အသက် ၁၄ နှစ် မှာ လူ့ပါတ်ဝန်းကျင်ကို ပြောင်းလဲနိုင်ခဲ့တဲ့ မာလာဝီနိုင်ငံမှ အရွယ် လူငယ်

25 Feb 2016     1,301 Views


တောင်အာဖရိက တိုက်ရဲ့  အဆင်းရဲဆုံး မာလာဝီ နိုင်ငံ ရွာငယ်လေးက ၀ီလီယမ် ကန်ကွမ်းဘာ William Kamkwamba က ဆင်းရဲတဲ့ လူ့ ပါတ်ဝန်း ကျင်တခုကို ပြောင်းလဲစေဖို့  သူ့  မှာရှိတဲ့ စွမ်းအားကိုအသုံး ချပြီး လေရဟတ်နဲ့  မီး နဲ့  -ရေ ရအောင် ယူနိုင်တဲ့စနစ်တခု ကို အသက် (၁၄)နှစ် သားမှာ စတင်တည်ထွင်နိုင်ခဲ့သူပါ။

မိသားစုဟာ ဆင်းရဲလွန်းလို့  ၀ီလီယမ်ဟာ ပညာရေး တပိုင်းတစ နဲ့  ကျောင်းထွက်ခဲ့ရပြီး စာကြည့်တိုက်ကနေ စာအုပ်တွေဖတ်ခဲ့ရပါတယ်။


နောက်ပိုင်းမှာ သူရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့  လေရဟတ် နဲ့  စက်ဘီး အစုတ်တစီးကနေ စတင် ထွင်နိုင်ခဲ့ပြီး သူ့ နေ အိမ်မှာ ရေနဲ့  မီးလင်းအောင် လုပ်နိုင်ခဲ့ပါတယ်။

ဝီလီယမ်က နောက်ပိုင်းမှာ သူ့ နည်းပညာနဲ့  အိမ်နီးချင်းတွေ နဲ့  တရွာလုံး မီးလင်းနိုင်အောင် သူထွင်ထား တဲ့ လေရဟတ် ပါဝါ ကို လိုက်ဆင်ပေး နိုင်ခဲ့သူပါ။

ဝီလီယမ်ရဲ့  အသက်အရွယ်နဲ့  မလိုက်အောင် စွမ်းဆောင်နိုင်မှုကြောင့် ၂၀၁၃ ခုနှစ် တိုင်း(မ) Time သတင်းစာကြီးက အသက်သုံးဆယ်အောက် လူ့  ပါတ်ဝန်းကျင် ကိုပြောင်းလဲ အောင်လုပ်ပေးနိုင်ခဲ့သူ အဖြစ် ဂုဏ်ပြုခြင်းခံ ခဲ့ရပါတယ်။
ဝီလီယမ် ဟာ အမေရိကန်ပြည်ထောင်စု College in Hanover ဟန်နိုဘာ တက္ကသိုလ်မှာပညာသင်ကြားခွင်းရခဲ့ပြီး ၂၀၁၄ မှာ ကျောင်းပြီးသွားခဲ့ပါပြီ။
 


25 Feb 2016     1,301 Views




RELATED

Most Popular of International News

Most Popular of NEWS