BEC-TERO TV

ဖြူဖွေးတဲ့ သွားတွေ ပိုင်ဆိုင်နိုင်ဖို့ သဘာဝ ဆေးစွမ်းကောင်းများ

26 Feb 2016     1,331 Views


ဖြူဖွေးတဲ့ သွားတွေ ပိုင်ဆိုင်ဖို့အတွက် အိမ်မှာပင် ရရှိနိုင်တဲ့ သဘာဝ ဆေးစွမ်းကောင်းအချို့ ကို ရှဲပေးလိုက်ရပါတယ်။
 
ပန်းသီးနဲ့စတော်ဘယ်ရီသီး
ပန်းသီးနဲ့ စတော်ဘယ်ရီသီးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင် C အပြင် အက်စစ်ဓာတ်လည်း ပါဝင်ပါတယ်။အက်စစ်ဓာတ်က သွားတွေမှာရှိနေတဲ့ အဝါရောင်ချေးညှော်တွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါကြောင့် သွားတွေကို ပန်းသီး၊ စတော်ဘယ်ရီးသီးတို့နဲ့ ပွတ်တိုက်ပေးခြင်းက ဖြူဖွေးစေမှာ ဖြစ်ပါတယ်။
 
ပျဉ်းတော်သိမ်နဲ့ပင်စိမ်း
ပင်စိမ်းရွက်နဲ့ ပျဉ်းတော်သိမ်ရွက်ကို ရောနှောပြီး သွားတိုက်ဆေးသဖွယ် သုံးမယ်ဆိုရင် ဖြူဖွေးတဲ့ သွားတွေပိုင်ဆိုင်နိုင်ပါတယ်။ပျဉ်းတော်သိမ်ရွက်နဲ့ ပင်စိမ်းရွက်ဟာ သွားတွေ ဖြူဖွေးစေရုံသာမက သွားဖုံးရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။
 
ရှောက်၊ သံပုရာသီးမျိုးနွယ် အသီးများ
ရှောက်သီး၊ သံပုရာသီးမျိုးနွယ် အသီးတွေမှာ ဗီတာမင် C ပါဝင်ပြီး အစွန်းအထင်း ကျွတ်စေတဲ့ ဂုဏ်သတ္တိကြောင့် သွားတွေကို ဖြူဖွေးစေနိုင်ပါတယ်။သွားတွေကို ရှောက်သီး၊ သံပုရာသီးမျိုးနွယ်ဝင် သံပရိုသီးကဲ့သို့ အသီးဖြင့် ပွတ်တိုက်ပေးခြင်း သို့မဟုတ် နေ့စဉ် စားသုံးပေးခြင်းဖြင့် ဖြူဖွေးတဲ့ သွားတွေကို ပိုင်ဆိုင်နိုင်မှာပါ။
 
နနွင်း
နနွင်းဟာ အဝါရောင်ဖြစ်နေပေမယ့် သွားတွေကို ဖြူဖွေးစေပါတယ်။ နနွင်း ပုံမှန်သုံးခြင်းဖြင့် ဖြူဖွေးတောက်ပတဲ့ သွားတွေကို ပိုင်ဆိုင်နိုင်ပါတယ်။
 
ညောင်မြစ်
ညောင်မြစ်ကို သွားတိုက်တံပမာ အသုံးပြုပြီး သွားတိုက်ပေးခြင်းက သွားတွေ ဖြူဖွေးစေတဲ့အပြင် သွားနဲ့ သွားဖုံး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။
 
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဟာ သွားတွေကို ဖြူဖွေးတောက်ပစေတဲ့ အကောင်းဆုံး သဘာဝ ဆေးစွမ်းတစ်လက်ပါ။ သွားတွေကို ရှားစောင်းလက်ပတ်နဲ့ ပွတ်တိုက်ပေးရုံဖြင့် ဖြူဖွေးနေစေမှာပါ။
 
သံလွင်ဆီ
သံလွင်ဆီမှာ ဗီတာမင် E ပါဝင်ပြီး သွားချေးတွေကို ဖယ်ရှားပေးနိုင်သလို သွားပိုးစားခြင်းနဲ့ သွားရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ 

26 Feb 2016     1,331 Views




RELATED

Most Popular of Special or Others

Most Popular of Life Style