BEC-TERO TV

Forbes Asia ၏ အာရှတိုက် အထူးချွန်ဆုံး လူငယ်များ စာရင်းတွင် မြန်မာနိုင်ငံမှ ရှစ်ဦး ပါဝင်နေ

29 Feb 2016     1,287 Views


Forbes Asia မဂ္ဂဇင်းက ထုတ်ပြန်သည့် အာရှတိုက်၏ အ သက် (၃၀) အောက် ကဏ္ဍအလိုက် အထူးချွန်ဆုံး လူငယ်များ စာရင်း တွင် မြန်မာနိုင်ငံမှ ရှစ်ဦးအထိ ရွေးချယ် ဖော်ပြခြင်းခံရကြောင်း သိရသည်။

ကမ္ဘာကျော်စစ်တမ်း မဂ္ဂ ဇင်းကြီးတစ်စောင်   ဖြစ်သည့် Forbes ၏ အာရှဆိုင်ရာ ဌာနခွဲ ဖြစ်သည့် Forbes Asiaက ဖျော် ဖြေရေးနှင့် အားကစား၊ တီထွင်ဖန် တီးမှု၊ ကျန်းမာရေးစောင့်ရှောက် မှုနှင့် သိပ္ပံပညာ အစရှိသည့် ကဏ္ဍကြီး ၁၀ ခုကို ခွဲခြားသတ် မှတ်ကာ ကဏ္ဍတစ်ခုစီအတွက် အာရှဒေသ နိုင်ငံများမှ (ဩစ တြေးလျကို ထည့်သွင်းတွက်ချက် ထား) လူငယ် ၃၀ စီအား ရွေး ချယ်ခဲ့သည်။

ထို့ကြောင့် ကဏ္ဍအလိုက် အ ထူးချွန်ဆုံး လူငယ် ၃၀၀ ကို Forbes Asia က စာရင်းပြုစုထား ခြင်းဖြစ်ပြီး လူသုံးကုန် နည်း ပညာ၊ လက်လီရောင်းချ ခြင်းနှင့် E-Commerce၊ စီမံကိန်း နည်း ပညာနှင့် တီထွင်ဖန်တီးမှု ကဏ္ဍ များ၌ မြန်မာလူငယ်ရှစ်ဦး၏ အမည်များ ပါဝင်လာခြင်း ဖြစ်သည်။ လူသုံးကုန်နည်းပညာ ကဏ္ဍ တွင် မြန်မာနိုင်ငံမှ နှစ်ဦး ပါဝင်ခဲ့ သည်။ Bindez ကို ပူးတွဲထူထောင် ထားသည့် ရဲဝင့်ကိုနှင့် ထက်ဝေတို့ ကို မဂ္ဂဇင်း၏ အကဲဖြတ်များက ရွေးချယ်ခဲ့သည်။

Bindez သည် မြန်မာဘာသာ အခြေပြု ရှာဖွေ ရေး အင်ဂျင်တစ်ခုဖြစ်ပြီး အသက် (၂၅) နှစ်အရွယ် ရဲဝင့်ကိုနှင့် အ သက် (၂၆) နှစ်အရွယ်ရှိ ထက်ဝေ တို့က ပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ် သည်။ ၎င်းတို့ နှစ်ဦးသည် Android ဖုန်းများတွင် အသုံးပြု နိုင်မည့် Bindaz Thadin အ မည်ရှိ App တစ်ခုကိုပါ ရေးဆွဲ ထုတ်လုပ်ထားသည်။

စီမံကိန်း နည်းပညာ ကဏ္ဍ တွင်မူ မဂ္ဂဇင်း၏ အကဲဖြတ်များက Nex Labs  ကို ပူးတွဲတည်ထောင် သည့် အသက် (၂၄) နှစ်အရွယ် ရဲမြတ်မင်းနှင့် အသက် (၂၈) နှစ် အရွယ် မျိုးထက်အောင်တို့ကို ထည့်သွင်း ရွေးချယ်ခဲ့သည်။

Nex Labs သည် မိုဘိုင်းနှင့် ဝက်ဘ်အခြေပြု App များကို ရေး ဆွဲပေးနေသည့် ဒီဇိုင်းကုမ္ပဏီ တစ်ခုဖြစ်ပြီး Ooredoo၊ Nexus Solutions အစရှိသည့် ကုမ္ပဏီများ နှင့် ချိတ်ဆက်လုပ်ကိုင်နေသည်။

လက်လီရောင်းချခြင်းနှင့် E-Commerce ခေါင်းစဉ် အောက်တွင်မူ ကားရောင်းဝယ် ရေး အထောက်အကူပြု ဝက်ဘ် ဆိုက် တစ်ခုဖြစ်သည့် CarsDB.com ကို ထူထောင်ကာ Chief Operating Officer အဖြစ် ဆောင် ရွက်နေသူ အသက် (၂၇) နှစ်အ ရွယ် ဝေဖြိုးကျော်၊ Star Ticket ကို ပူးပေါင်းထူထောင် သည့် သက်မွန်အေးနှင့် ဇာနည်နွေးဦး တို့ ရွေးချယ်ခံရသည်။

အသက် (၂၈) နှစ်ရှိ သက် မွန်အေးနှင့် အသက် (၂၅) နှစ် အရွယ် ဇာနည်နွေးဦးတို့သည် Star Ticket ကုမ္ပဏီကို တည် ထောင်ကာ အဝေးပြေး ကားလက် မှတ်များကို နေရာအနှံ့အပြားတွင် အလွယ်တကူ ဝယ်ယူနိုင်မည့် ကွန်ရက်တစ်ခုကို ဖန်တီးခဲ့သည်။

ယခုအခါ Star Ticket သည် ပြည်တွင်းအဝေးပြေးဘတ်စ် ကား လိုင်းများ အားလုံး၏ ၂၀ ရာခိုင် နှုန်းမျှနှင့် ချိတ်ဆက်ထားပြီး ဖြစ် ကြောင်း သိရသည်။

ဝေဖြိုးကျော် တည်ထောင်ခဲ့ သည့် CarsDB.com မှာမူ မြန်မာ နိုင်ငံတွင် ကားရောင်းချလိုသူများ နှင့် ဝယ်ယူသူများကြား တိုက်ရိုက် ချိတ်ဆက်ပေးနိုင်သည့် ပထမဆုံး ဝက်ဘ်ဆိုက် တစ်ခု ဖြစ်သည်။

ယမန်နှစ်က ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်ပြီး ကားရောင်းချရန် စာရင်းတင်ထားမှုသည် ၅၀,၀၀၀ ခန့်မျှ ရှိခဲ့ပြီး ယင်းတို့အနက် ၆၀ ရာခိုင်နှုန်းမှာ အရောင်းအဝယ် ဖြစ်မြောက်ခဲ့သည်။

တီထွင်ဖန်တီးမှု ကဏ္ဍအ တွက် ရွေးချယ်ထားသူ ၃၀ စာ ရင်းတွင်မူ Rangoon Tea House ကို ပူးတွဲထူထောင်သူ အသက် (၂၅) နှစ်အရွယ် ထက်မြက်ဦး ပါ ဝင်နေသည်။

အဆိုပါ ကဏ္ဍသည် အနု ပညာနှင့် အနာဂတ်အတွက် ရည်ရွယ်သော ဒီဇိုင်းဆန်းသစ်မှုများ အတွက် သတ်မှတ်ထားခြင်း ဖြစ် သည်။ ထက်မြတ်ဦးသည် လန်ဒန် ရှိ စီးတီးတက္ကသိုလ်မှ စီးပွားရေး ဘွဲ့ ရယူခဲ့ပြီးနောက် ရန်ကုန်မြို့ လယ်တွင် Rangoon Tea House ကို ဖွင့်လှစ်ခဲ့သည်။
ယင်းသည် မြန်မာ့လူနေမှု ပတ်ဝန်းကျင်မှ လက်ဖက်ရည် ဆိုင် ယဉ်ကျေးမှုကို အခြေပြု မွမ်းမံတီထွင်ထားသည့် စား သောက်ဆိုင် တစ်ခုအဖြစ် Forbes က ညွှန်းဆိုထားသည်။

ထက်မြက်ဦးသည် Ran-goon Tea Houseကို မဖွင့်လှစ် မီက Yangon Heritage Trust တွင် Public Relations Officer ရာ ထူးဖြင့် အလုပ်လုပ်ခဲ့ဖူးကြောင်း လည်း သိရသည်။

Forbes Asia သည် နယ် ပယ်ကဏ္ဍ ၁၀ မျိုးမှ အထူးချွန်ဆုံး အသက် (၃၀) အောက်အရွယ် အနု ပညာရှင်၊ အတတ်ပညာရှင်၊ စွန့် ဦးတီထွင်သူ၊ နည်းပညာ ကျွမ်း ကျင်သူများကို ရွေးထုတ်ရန် တရုတ်၊ ဩစတြေးလျ၊ အိန္ဒိယ အစရှိသည့် နိုင်ငံများမှ သတင်း ထောက် အများအပြားကို ချိတ် ဆက်အကူအညီယူခဲ့ပြီး မဂ္ဂဇင်း မှ အကဲဖြတ် ၃၀ နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာရင်းတွင် ဖျော် ဖြေရေးနယ်ပယ်မှ ကေပေါ့ပ် အ ဆိုတော်များဖြစ်သည့် ဂျီဒရက် ဂွန်၊ အင်မ်ယူနာ (Girls Genera- tion)၊ ဘောလိဝုဒ် မင်းသမီး ရှရက်ဒ်ဟာကာပူး၊ ဟောလိဝုဒ် မင်းသား လီယမ်ဟမ်းစ်ဆွော့သ်၊ တီထွင်ဖန်တီးမှု ကဏ္ဍတွင် ဩ စတြေးလျ စူပါမော်ဒယ်လ် ဂျက် ဆီကာဟတ် အစရှိသည့် ကမ္ဘာ ကျော်များလည်း ပါဝင်ခဲ့သည်။ ယင်းစာရင်းတွင် အိန္ဒိယနိုင်ငံသား အရေအတွက်က ၅၆ ဦးထိ ပါ ဝင်ကြောင်းလည်း သိရသည်။

 


29 Feb 2016     1,287 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS