BEC-TERO TV

ဝိုင်းရိုက်ခံရပြီး သေဆုံး သွားတဲ့ မလေးရှားနိုင်ငံမှ မြန်မာဆောက်လုပ်ရေး အလုပ်သမား

29 Feb 2016     2,253 Views


မလေးရှားနိုင်ငံ ကမ်ပန်းဘာတက်ခ်အရပ်ရှိ ကွန်ဒိုမီနီယမ်ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက် ညက  မြန်မာအလုပ်သမားတစ်ဦးအား ကျန်လုပ်ဖော်ကိုင်ဖက် အလုပ်သမားများက ဝိုင်းဝန်းရိုက်နှက်ရာမှ သေဆုံးမှုဖြစ်ပွားသည်။

ယင်းဖြစ်ရပ်မှာ ည ၁၁နာရီခွဲခန့်က ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ အသက် ၂၀ ဝန်းကျင် အမျိုးသားဖြစ်သည်။ သေဆုံးသူ၏ ဦးခေါင်းကို ချွန်ထက်လက်နက်ဖြင့် ရိုက်နှက်ခံရဖွယ်ရှိကာ   သွေးများခဲလျက်ရှိသည်ကို တွေ့ရှိရသည်။

လက်ဦးစုံစမ်းစစ်ဆေးမှုအရ ယင်းလူငယ်မှာ အခြားအလုပ်သမားများ လေးငါးလေးယောက်နှင့် အချင်းများ ရန်ဖြစ်ခဲ့ဖွယ်ရှိကြောင်း အနောက်တောင်ပိုင်းခရိုင် လက်ထောက်အမျိုးသမီးရဲမှူး   နော်ဆာလာဝါတီက ပြောသည်။ ခိုက်ရန်ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးပေ။

"ဒီလိုရန်ဖြစ်တဲ့ အချိန်မှာ သူတို့အားလုံး သောက်စားထားကြတယ်လို့ ပြောနိုင်တယ်။ အခုလက်ရှိ ကျွန်မတို့အနေနဲ့ သံသယ တရားခံတွေနောက်ကို လိုက်နေပါတယ်။ လူသတ်မှုနဲ့လည်း စခန်းမှာ အမှုဖွင့်ထားပါတယ်။" ဟု နော်ဆာလာဝါတီက ပြောသည်။


29 Feb 2016     2,253 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS