BEC-TERO TV

၂၀၁၆ ခုနှစ်ရဲ့ အာရှတိုက်၏ အကောင်းဆုံးနံပါတ် ၁ ကမ်းခြေ (သို့မဟုတ်) ငပလီ

29 Feb 2016     1,419 Views


မြန်မာနိုင်ငံ၏ ငပလီကမ်းခြေကို ၂၀၁၆ ခုနှစ်အတွက် အာရှတိုက်၏ အကောင်းဆုံးနံပါတ် ၁ ကမ်းခြေအဖြစ် ကမ္ဘာပေါ်က ခရီးသွားစရာ ကောင်းသည့် နေရာများကို သတ်မှတ်ပေးသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည့် Trip Advisor မှ သတ်မှတ်ခဲ့ကြောင်း Trip Advisor ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထို့ပြင် ငပလီကမ်းခြေသည် ကမ္ဘာ့အကောင်းဆုံး ကမ်းခြေ ၁၀ ခု စာရင်းအရ နံပါတ် ၈ နေရာတွင်လည်း သတ်မှတ်ခံရထားရကြောင်း သိရသည်။

“Trip Advisor ဆိုတာ ကမ္ဘာပေါ်က ခရီးသွားစရာကောင်းတဲ့ နေရာတွေကို သတ်မှတ်ပေးတဲ့ အဖွဲ့အစည်း တစ်ခုပါ။ အကယ်ဒမီ ပေးသလိုပေါ့။ ခုလို သတ်မှတ်ခံရတယ်ဆိုတာ ငပလီက အလှဆုံး ဖြစ်နေလို့ပါ။ဘယ်နေရာ ကြည့်မလဲ ကြိုက်တဲ့နေရာကြည့် ငပလီလောက် မလှဘူး။ ခုလို သတ်မှတ်ခံရတဲ့အတွက် ခရီးသွားတိုးမှာပဲ။ တစ်ခု ခက်တာက လေယာဉ်တစ်ခုနဲ့ပဲ သွားလို့ရတဲ့အတွက် လမ်းတွေ သေချာလုပ်သင့်သလို လုံခြုံအောင်လည်း လုပ်သင့်နေပါပြီ။ ဒါပေမဲ့ ပြည်တွင်းက အသွားများသွားရင်လည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်” ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွန်များ အသင်းမှ ဗဟိုအလုပ်မှုဆောင် ဦးထွန်းမြတ်က ပြောသည်။

ငပလီကမ်းခြေသည် အာရှတိုက်၏ အလှဆုံးကမ်းခြေအဖြစ် ရွေးချယ်ခံရခဲ့ရသည့်အတွက် ခရီးသွား ဝင်ရောက်မှုသည် ပိုမိုတိုးတက် လာနိုင်ဖွယ်ရှိနေပြီး ခရီးသွားလုပ်ငန်းသည် တိုင်းပြည်၏ အရေးကြီးဆုံး နံပါတ် ၁ နေရာတွင်ထား၍ ဦးစားပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ကမ္ဘာ့အကောင်းဆုံး ကမ်းခြေ ၁၀ ခုစာရင်းအရ အတ္တလန္တိတ် ဗဟားမားစ်၏ အရှေ့တောင်ဘက်က ဗြိတိသျှ ပိုင် Turks and Caicos ကျွန်း Grace Bay မှ နံပါတ် ၁ ၊ ဘရာဇီးနိုင်ငံ၏ Baia do Sanchoမှ နံပါတ် ၂ ၊ ကျူ ဘားနိုင်ငံ၏ Playa Paraiso မှ နံပါတ် ၃ ၊ သတ်မှတ်ခံရပြီး ငပလီကမ်းခြေသည် ကမ္ဘာ့အကောင်းဆုံး အဖြစ် နံပါတ် ၈ နေရာ သတ်မှတ်ခံရကာ ဖိလစ်ပိုင်နိုင်ငံ၏ Nacpan ကမ်းခြေသည် နံပါတ် ၁၀ အဖြစ် စာရင်းဝင်ခဲ့ ကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံး ကမ်းခြေ ၁၀ ခုကတော့ အောက်ပါအတိုင်းပါပဲ ။

1. Grace Bay – Providenciales, Turks and Caicos
2. Baia do Sancho – Fernando de Noronha, Brazil
3. Playa Paraiso – Cayo Largo, Cuba
4. Anse Lazio – Praslin Island, Seychelles
5. Cayo de Agua – Los Roques National Park, Venezuela
6. Flamenco Beach – Culebra, Puerto Rico
7. Playa de Ses Illetes – Formentera, Spain
8. Ngapali Beach – Ngapali, Myanmar
9. West Bay Beach – Bay Islands, Honduras
10. Nacpan Beach – El Nido, Philippines
 


29 Feb 2016     1,419 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS