BEC-TERO TV

ကိုယ့်ပါသာ ကိုယ် တစ်ယောက်တည်း စကားပြောခြင်းက မှတ်ညဏ်ကောင်းစေနိုင်

29 Feb 2016     1,718 Views


လူတစ်ချို့က သူ့တို့ဘာသာ တစ်ယောက်တည်း စကားပြောနေတတ်တာကို တခါတလေမြင်ကြတဲ့အခါ စိတ်ထဲမှာ အူကြောင်ကြောင်နိုင်တယ်လို့ ထင်ကြမှာပါ။ တကယ်တော့ ကိုယ့်ဘာသာ တစ်ယောက်တည်း စကားပြောခြင်းက ဦးနှောက်ကို ထက်မြက်လာစေပါတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
 
အတွေးတွေကို ပိုပြီးစုစည်းနိုင်ပါတယ်
 
ကိုယ့်အတွေးတွေကို ပါးစပ်ကနေတတွတ်တွတ်ပြောမိတဲ့သူက တစ်ကြိမ်မှာ အတွေးတစ်ခုကိုတွေးနေတဲ့သူထက် အတွေးတွေကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ စိတ်ထဲမှာ ဘာကို လုပ်ရမယ်ဆိုတာကို ပိုပြီးတိကျ ပြတ်သားစွာ သိနိုင်ပါတယ်။
 
မှတ်ဉာဏ်ပိုပြီးကောင်းစေပါတယ်
 
ပါးစပ်ကနေထုတ်ပြောလိုက်တဲ့အတွက် ကိုယ့်စိတ်ကူးတွေကို နှစ်ခါပြန်တွေးထားသလိုဖြစ်ပြီး ပိုပြီးမှတ်မိစေပါတယ်။ စတိုးဆိုင်တစ်ခုမှာ ကိုယ်ဝယ်မယ့်အရာကို ကိုယ့်ကိုယ့်ကို ပြန်ပြီး ပြောနေတဲ့သူက မပြောတဲ့သူတွေထက် ကိုယ်လိုတဲ့အရာကို မြန်မြန်ရှာနိုင်သလို ဝယ်ဖို့မေ့ကျန်ခဲ့တာလည်းမရှိတာကို တွေ့ရှိရပါတယ်။
 
ဦးနှောက်ကို ပိုပြီးထိထိရောက်ရောက်အသုံးချနိုင်ပါတယ်
 
ကိုယ့်ဘာသာ တစ်ယောက်တည်း စကားပြောခြင်းက ကိုယ့်ဦးနှောက်ကို အလုပ်ပေးနေတာဖြစ်သလို ကိုယ့်အတွေးတွေကိုလည်း ရှင်းလင်းမြန်ဆန်စေပါတယ်။ဦးနှောက်ကို တွန်းအားပေးနိုင်တာကြောင့် ပိုပြီး အားကောင်းစေပါတယ်။
 
ရည်မှန်းချက်တွေကို ပိုပြီးအောင်မြင်စေပါတယ်
 
ကိုယ်ရည်ရွယ်ထားတာတွေကို ပါးစပ်ကထုတ်ပြောလိုက်တဲ့အတွက် လေဆာနဲ့ထိုးပြီး ညွှန်ပြလိုက်သလို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရစေပါတယ်။ဘယ်လို အောင်မြင်အောင်လုပ်ရမလဲဆိုတာ ပိုပြီးသိလွယ်စေနိုင်တဲ့အတွက် ပန်းတိုင်ကို မြန်မြန်ရောက်စေနိုင်ပါတယ်။
 
(ပိုပိုလေး)

29 Feb 2016     1,718 Views




RELATED

Most Popular of Special or Others

Most Popular of Life Style