BEC-TERO TV

သွေးအေးအေးနဲ့ မိသားစုဝင် ၁၄ ဦးကို ဓါးဖြင့် သတ်ဖြတ်ခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံး စီရင်ခဲ့တဲ့ အိန္ဒိယနိုင်ငံက အမှု

29 Feb 2016     2,005 Views


အိန္ဒိယနိုင်ငံမှာ လူတစ်ဦးက ၎င်းရဲ့ မိသားစုဝင် ၁၄  ဦးကို ဓားဖြင့် တိုက်ခိုက်သတ်ဖြတ်ပြီး ကိုယ်တိုင်လည်း အဆုံးစီရင်သွားမှု ဖြစ်ပွားခဲ့ပါတယ်။

မွမ်ဘိုင်းမြို့ အပြင်ဘက်ရှိ သနီမြို့မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားက ကလေးငယ်တွေနဲ့ မိဘတွေ အပါအဝင် ၎င်းရဲ့ မိသားစုဝင် ၁၄ ဦးလုံးကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

စနေနေ့နှောင်းပိုင်းက ဟက်နင် အန်ဝါ ဝါရီကာ အမည်ရှိ အမျိုးသားဟာ မိသားစုဝင်တွေ အိမ်တစ်အိမ်မှာ စုရုံးရောက်ရှိနေစဉ် အားလုံးကို ဓားဖြင့် လည်ပင်းလှီး သတ်ဖြတ်ခဲ့ကာ ၎င်းကိုယ်တိုင်မှာ ကြိုးဆွဲချ သတ်သေသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မိသားစုတွင်း မပြေလည်တဲ့ ကိစ္စတွေကြောင့် အခုလို ဖြစ်ပွားခဲတာလို့ ရဲတပ်ဖွဲ့က သုံးသပ်ပါတယ်။ ဝါရီကာရဲ့ ညီမဖြစ်သူ တစ်ဦးတည်သာ အသက်ရှင်ကျန်ရစ်ပြီး သူမကို အိမ်နီးချင်းတွေက ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ရပါတယ်။
အသက်ရှင်ကျန်ရစ်တဲ့ ဝါရီကာရဲ့ ညီမဖြစ်သူနဲ့ တွေ့ဆုံမေးမြန်းနိုင်ခြင်း မရှိသေးဘဲ အသက် ၂၁ နှစ်အရွယ် အဆိုပါ အမျိုးသမီးဟာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဝါရီကာဟာ မိသားစုဝင်တွေ အိပ်ပျော်နေစဉ်မှာ ဓားဖြင့် သတ်ဖြတ်ခဲ့တာလို့ India Express သတင်းစာက ဆိုပါတယ်။

စစ်ဆေးတွေ့ရှိရတဲ့ သက်သေ အထာက်အထားတွေအရ လူသတ်မှုကျူးလွန်သူဟာ နေအိမ်တံခါးအားလုံးကို အတွင်းဘက်မှ ချက်ချပိတ်ထားပြီး မိသားစုဝင်တွေ အိပ်မောကျနေစဉ် ဓားဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သနီမြို့ ရဲတပ်ဖွဲ့အကြီးအကဲရဲ့ ပြောကြားချက်ကို India Express က ကိုးကားဖော်ပြပါတယ်။

အိန္ဒိယ သတင်းဌာနာ အများအပြားကတော့ ဝါရီကာက ၎င်းရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ခြင်း မပြုမီ အစားအစာထဲမှာ စိတ်ငြိမ်ဆေး ခပ်ခဲ့ကြောင်း  ဖော်ပြနေကြပါတယ်။
 


29 Feb 2016     2,005 Views




RELATED

Most Popular of International News

Most Popular of NEWS