BEC-TERO TV

အိပ်စက်ခြင်း နှင့် လေဖြတ်ခြင်း အကြောင်း တစေ့တစောင်း

29 Feb 2016     1,383 Views


တစ်ညလျှင် ခုနစ်နာရီမှ ရှစ်နာရီအထိ အိပ်စက်ခြင်းကြောင့် လေ ဖြတ်နိုင်သည့် အန္တရာယ်များကို ကာကွယ်နိုင်သော်လည်း ယင်းထက်ပို၍ (သို့မဟုတ်) လျှော့၍ အိပ်စက်ခြင်းကြောင့် လေဖြတ်နိုင်သည့် အန္တရာယ်မြင့်မားလာကြောင်း လူပေါင်း ၂၉၀,၀၀၀ ပါဝင်သည့် အမေရိကန်သုတေသီများ၏ လေ့လာမှုတစ်ခုအရ သိရသည်။
 
တစ်ညလျှင် ရှစ်နာရီထက်ပို၍ အိပ်စက်ခြင်းကြောင့် လေဖြတ် နိုင်သည့်အန္တရာယ်သိသိသာသာပိုများလာကြောင်း သုတေသီများ က ပြောသည်။
 
ယင်းကဲ့သို့ အိပ်စက်ချိန်ကြောင့် လေဖြတ်နိုင်သည့် အန္တရာယ်  ၁၄၆ ရာခိုင်နှုန်းပိုများလာပြီး တစ်ညလျှင် ခုနစ်နာရီထက်လျှော့၍ အိပ်စက်ခြင်းကြောင့် လေဖြတ်နိုင်သည့် အန္တရာယ် ၂၂ ရာခိုင်နှုန်း သာ မြင့်တက်မှုရှိကြောင်း လေ့လာမှုက ဖော်ပြသည်။
 
၂၀၀၄ မှ ၂၀၁၃ အထိ ပြုလုပ်ခဲ့သော လေ့လာမှုတွင် ပါဝင် သူ သုံးသိန်းခန့်၏ ကျန်းမာရေးအခြေအနေ၊ လူနေမှုဘဝပုံစံ၊ အ သက်အရွယ်နှင့် စည်းကမ်းစောင့်ထိန်းနိုင်မှုတို့ကို သုတေသီများက ထည့်သွင်းတွက်ချက်၍ လေ့လာထားခြင်းဖြစ်သည်။
 
သုတေသီများက ယင်းလူများ၏ အိပ်စက်ချိန်နှင့် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတို့ကဲ့သို့ ကိုယ်လက်လှုပ်ရှားမှု မည်မျှပြုလုပ်ကြောင်းကိုလည်း လေ့လာခဲ့ကြသည်။
 
တစ်ညလျှင် ခုနစ်နာရီမှ ရှစ်နာရီအထိ အိပ်စက်ပြီး သီတင်းတစ် ပတ်လျှင် ခြောက်ကြိမ်အထိ မိနစ် ၃၀ မှ တစ်နာရီကြာလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် လေဖြတ်ခြင်းကိုကာကွယ်ရေး အမြင့်မားဆုံးအကျိုးကျေးဇူးများရရှိနိုင်ကြောင်း သုတေသီများက ပြောသည်။
 
ဦးနှောက်ထဲတွင် သွေးယိုစီးခြင်း(သို့မဟုတ်) ဦးနှောက်အစိတ် အပိုင်းများသို့ သွေးပို့လွှတ်မှုတားဆီးပိတ်ဆို့သွားချိန်တွင် လေဖြတ် ခြင်းဖြစ်ပေါ်သည်။
 
လေဖြတ်ခြင်းကြောင့် သေဆုံးမှုမှာ နှလုံးရောဂါနှင့် ကင်ဆာ ရောဂါတို့ပြီးနောက် တတိယအများဆုံးဖြစ်ပြီး အင်္ဂလန်တွင် တစ်နှစ်လျှင် လူပေါင်း ၁၁,၀၀၀ အထိ လေဖြတ်ခြင်းနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။ ထို့အပြင် လေဖြတ်ခြင်းကြောင့် ဦးနှောက်ထိခိုက်မှုများမှာ အရွယ်ရောက်ပြီးသူများ ဒုက္ခိတဖြစ်ရသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။
 
ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ လေ့ကျင့်ခန်းများများ မလုပ်ခြင်း၊ ကျန်းမာရေးနှင့် မညီသော အစားအစာများ စားခြင်းတို့ ကြောင့် လေဖြတ်နိုင်သည့် အန္တရာယ်များ မြင့်မားလာမည်ဖြစ်သည်။
 
သွေးထဲတွင် ကိုလက်စရောပါဝင်မှုမြင့်မားခြင်း၊ နှလုံးခုန်နှုန်း မူမမှန်ခြင်းနှင့် ဆီးချိုရောဂါတို့ကြောင့်လည်း လေဖြတ်နိုင်သည့် အန္တရာယ်မြင့်မားစေသည်။ ထို့အပြင် တစ်ညလျှင် ခြောက်နာရီမှရှစ်နာရီ အိပ်စက်သူများသည် ပို၍အသက်ရှည်နိုင်ပြီး ကျန်းမာရေးပိုကောင်းသည်ဟု သုတေသီများကပြောသည်။
 

29 Feb 2016     1,383 Views




RELATED

Most Popular of Special or Others

Most Popular of Life Style