BEC-TERO TV

အားသွင်းလက်စ iPhoneကို ရေချိုးကန် အတွင်းမှာ သုံးမိလို့ ဓာတ်လိုက် သေဆုံး

29 Feb 2016     1,331 Views


ရေချိုးခန်းထဲမှာ အားသွင်းထားတဲ့ဖုန်း ပြုတ်ကျပြီး အမျိုးသမီးတစ်ယောက် ဓာတ်လိုက် သေဆုံးမှု ရုရှနိုင်ငံမှာ မော်စကိုမှာ ဖြစ်ခဲ့ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ အမည်မှာ Evgenia Sviridenko ဖြစ်ပြီး အသက်ကတော့ (24)နှစ် ဖြစ်ပါတယ်။သူမဟာ ရေချိုးခန်းထဲက ရေစိမ်ကန်မှာ ရေစိမ်နေတုန်း အားသွင်းထားဆဲ အိုင်ဖုန်းက အဆိုပါ ကန်ငယ်ထဲကို ပြုတ်ကျပြီးဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီသတင်းကို ရုရှာမှာ Facebook ကဲ့သို့ လူသုံများနေတဲ့ VKontakte လူမှုကွန်ယက်ပေါ်မှာ အမျိုးမျိုး ရေးသားခဲ့ကြပါတယ်။

သေဆုံးသူရဲ့ အခန်းဖော်ဖြစ်တဲ့ အသက် (23)နှစ်အရွယ် Yaroslav Dubinina က “ ကျွန်မ သူ ရေချိုးခန်းထဲ ၀င်သွားတာမကြာသေးဘူးဆိုတာကို သတိထားမိခဲ့ပါတယ် … ကျွန်မ မသင်္ကာတော့ အခန်းတံခါးကို ဖွင့်ပြီး ၀င်လိုက်တယ် … အဲဒီမှာ သူဟာ ရေကန်ထဲမှာ ဖြူဖက်ဖြူရော်ပုံစံနဲ့ ပေါလောပေါ်နေပါပြီ … ကျွန်မ သူမရဲ့ဖုန်းကို ရေကန် အောက်ခြေမှာ အားသွင်းကြိယာတန်းလန်းနဲ့ တွေ့ခဲ့တယ် … ကျွန်မက အဲဒါကို အားသွင်းပေးလိုက်မိတယ်… ဒါကို သူမက ဆွဲယုလိုက်ပုံပါဘဲ သူမရဲ့ ခန္ဓာကိုယ်ဟာ တွန့်လိမ်နေပါသေးတယ် … ” လို့ ထွက်ဆိုခဲ့ပါတယ်။

Apple ကုမ္မဏီမှ ထုတ်လုပ်ထားသော အားသွင်းကြိယာများမှာ ဓာတ်လိုက်ခြင်းကို ကာကွယ်ရန်အတွက် အလွန်နည်းပါးသော ဗို့အားစီးဝင်မှုသာ ရှိပါတယ်။ တနည်းပြောရရင် ဒီလို အားသွင်းရင်းတန်းလန်း ရေကန်ထဲ ပြုတ်ကျရုံနဲ့ ဓာတ်မလိုက်အောင် အထူးပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယခုအဖြစ်အပျက်ကြောင့် ရဲတွေဟာ သေဆုံးသူ အသုံးပြုခဲ့တဲ့အိုင်ဖုန်းဟာ အတုလားအစစ်လားဆိုတာ ဝေခွဲမရသေးပါဘူး။

များပြားလှစွာသော ရုရှမီဒီယာတွေကတော့ သေဆုံးသူရဲ့ ဖုန်းကို စစ်ဆေးရာမှာ နောက်ဆုံး ခေါ်ဆိုထားမှုအနေနဲ့ အခြားအမျိုးသမီးတစ်ယောက်ကို လူနာတင်ကားအတွက် အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမျိုးသမီးသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးသူတွေဆီက ထွက်တဲ့သတင်းတော့ မဟုတ်ပါဘူး။ မကြာသေးခင် အချိန်ကလည်း အသက်(16)နှစ်အရွယ် မိန်းကလေးတစ်ဦး ရေချိုးခန်းထဲမှာဖုန်းအားသွင်းရင်း ဓာတ်လိုက် သေဆုံးခဲ့ပါသေး တယ်။

mom


29 Feb 2016     1,331 Views




RELATED

Most Popular of International News

Most Popular of NEWS