BEC-TERO TV

အနုပညာ အလုပ်တွေ ဆက်လုပ်သွားမယ့် ရတနာဦး

29 Feb 2016     1,343 Views


မြန်မာနိုင်ငံသို့ ပြန်လာပြီး အနုပညာအလုပ်များကို ဆက်လက်လုပ်သွားတော့မယ်လို့ သူမကဆိုပါတယ်။ မြန်မာပြည်က ပရိသတ်များနဲ့ နှစ်အတော်ကြာ ကင်းကွာနေတဲ့ အဆိုတော် ရတနာဦးက မြန်မာနိုင်ငံကိုပြန်လာပြီး အနုပညာအလုပ်တွေ ပြန်လုပ်သွားတော့မှာဖြစ်ပါတယ်။  

"အနုပညာအလုပ်တွေကို လက်လှမ်းမီသလောက်ပြန်လုပ်သွားမယ်လို့စဉ်းစားထားတယ်။အမရဲ့ပရိသတ်တွေရှိနေသ၍ကတော့ သီချင်းတွေ ဆက်ဆိုသွားမှာပါ။အခုချိန်ထိအားပေးနေကြတဲ့ အမရဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်"လို့လဲ  ပြောကြားခဲ့ပါတယ်။

လတ်တလောမှာတော့ မတ်လ(၆)ရက်နေ့မှာ ပြုလုပ်မယ့် "အဝေးတစ်နေရာ"ရှိုးပွဲအတွက် ပြင်ဆင်နေသလို "အဝေးတစ်နေရာ" Live show ကိုလည်း ဗီစီဒီအဖြစ်ပုံဖော်ဖို့ ရှိတယ်လို့သိရပါတယ်။


29 Feb 2016     1,343 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment