BEC-TERO TV

နေပြည်တော်တွင် ဆယ်ကျော်သက် စုံတွဲကို လူ(၄) ဦးမှ ဖမ်းဆီး သတ်ဖြတ် အဓမ္မ ပြုကျင့်ခဲ့

03 Mar 2016     1,893 Views


ဆယ်ကျော်သက် လူငယ်စုံတွဲတစ်တွဲအား လူလေးဦးက ဖမ်းဆီးကာ အမျိုးသားအားသတ်ပြီး အမျိုးသမီးအား အုပ်စုဖွဲ့အဓမ္မပြုကျင့်မူ နေပြည်တော်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

နေပြည်တော် ဂျန်းရှင်းစင်တာ အနောက်ဖက်ရှိ သံတမန်အိမ်ရာ စီမံကိန်းမြေနေရာအတွင်း စက်တင်ဘာ ၂၉ ရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်လူငယ်စုံတွဲဈေးလာဝယ်စဉ် အမျိုးသားလေးဦးက
သံတမန်အိမ်ရာခြံဝင်းအတွင်းခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။ အမျိုးသားမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများကြောင့် သေဆုံးသွားပြီး အမျိုးသမီးမှာ အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု နေပြည်တော်အနီးပတ်ဝန်းကျင်တွင်
တရားခံများအား လိုက်လံရှာဖွေနေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

မည်သည့်လက်နက်ဖြင့် သတ်သွားသည်ကိုမူ စစ်ဆေးနေဆဲဖြစ်ပြီး လေးဦးမြောက်အဓမ္မပြုကျင့်သူက အမျိုးသမီးအား ကျန်သုံးဦးမသိခင် ထွက်ပြေးခိုင်းသဖြင့် အသက်ရှင်လျက်လွတ်မြောက်လာ
ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ယခုအခါ အမျိုးသမီး၏ ထွက်ဆိုချက်များအရ တရားခံများအား လိုက်လံစုံစမ်းနေပြီးအမြန်ဆုံးဖမိးဆီးနိုင်ရေး ရဲတပ်ဖွဲ့က ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ
ဒုတိယရဲမှူးကြီး သောင်းရွှေကပြောသည်။
 


03 Mar 2016     1,893 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS