BEC-TERO TV

Facebook တည်ထောင်သူ ကမ္ဘာအဆင့် ၆ အကြွယ်ဝဆုံးသူ ဖြစ်လာ

04 Mar 2016     1,368 Views


Forbes မဂ္ဂဇင်းရဲ့  ၂၀၁၆ ဘီလီယံနာ စာရင်းမှာ Facebook တည်ထောင်သူ မက်ခ် ဇက်ကာဘက် ဟာ အဆင့်များစွာ ခုန်ကျော်ပြီး ဒေါ်လာ ၄၄.၆ ဘီလီယံနဲ့  ကမ္ဘာ အချမ်းသာဆုံး နံပါတ် ၆ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၃၃.၄ ဘီလီယံနဲ့  အဆင့် ၁၆ ပါ။ ခုဆို သူ့ အထက်မှာ Microsoft ဘီလီယံနာ ဘီလ်ဂိတ်၊ Zara တည်ထောင်သူ အမန်စီယို အော်တေဂါ၊ Berkshire Hathaway ဥက္ကဌ ဝါရင်းဘက်ဖက်၊ မက္ကဆီကို တယ်လီကွန်း သူဌေးကြီး ကားလို့ စ် ဆလင်း နဲ့  အမေဇုန် တည်ထောင်သူ Jeff Bezos တို့  အစဉ်လိုက်ပဲ ရှိပါတော့တယ်။

Indiatimes က ဇက်ကာဘက်ကို ဒေါ်လာ ၅၀ ဘီလီယံနဲ့  Jeff Bezos ရဲ့  အထက်၊ ကားလို့ စလင်းရဲ့  အောက် နံပါတ် ၅ လို့  ခန့် မှန်းပါတယ်။ Bloomberg Billionaire Index က နံပါတ် ၄ လို့  ခန့် မှန်းထားပါတယ်။ Jeff Bezos နဲ့  ကားလို့ စလင်း နှစ်ယောက်လုံး ဇက်ကာဘက် အောက် ရောက်သွားပြီ လို့  သုံးသပ်ထားပါတယ်။

Facebook ဟာ မယုံနိုင်ဖွယ် ဆက်လက် ကြီးထွား လာပါတယ်။ စာရင်းအရ လူပေါင်း သန်း ထောင့်ခြောက်ရာ ခန့် ဟာ Active အကောင့်တွေနဲ့  fb သုံးနေတယ်လို့ ဆိုတယ်။ Facebook ရဲ့  ပိုင်ဆိုင်မှုတွေ ဖြစ်တဲ့ WhatsApp ကို သန်းတစ်ထောင်ကျော်၊ Instagram ကို သန်း တစ်ရာကျော် Active ဖြစ်ပြီး သုံးနေတယ် ဆိုတယ်။

ဒီလိုသာ ဆက်လက်ကြီးထွားနေရင် ဇက်ကာဘက်ဟာ သူထက် အကြမ်းဖျင်း ဘီလီယံ ၁၀၊ ၂၀ နဲ့ ၃၀ ခန့်  စီ ကြွယ်ဝနေသေးတဲ့ ဝါရင်းဘက်ဖက်၊ အမန်စီယို အော်တေဂါနဲ့ ဘီလ်ဂိတ်တို့ကို လာမယ့် နှစ် အနည်းငယ် အတွင်း ကျော်တက်သွားနိုင်ပါတယ်။

သူရဲ့  ခြေလှမ်းတွေကို လျော့တွက်လို့ မရပါဘူး။ သမီးလေး Max ကို ထောက်ပံ့ဖို့ရယ်၊ တီရှပ် ခေါင်းစွပ်ဆွယ်တာ၊ ဂျင်းဘောင်းဘီ၊ အပြေးဖိနပ် နဲ့ ဘက်ဒေးကိတ် ဝယ်ဖို့ လောက်ပဲ ပိုက်ဆံ လိုတဲ့ သူကို ကမ္ဘာကျော် ဘီလီယံနာတွေ အားလုံး သတိထား စောင့်ကြည့် နေရပါတယ်

ဓာတ်ပုံ - ဇနီးဖြစ်သူ ပရင်စလာချန်၏ ဖေဖော်ဝါရီ ၂၄ မွေးနေ့ပွဲမှ ပုံ

Photo Credit : From Mark Zuckerberg Facebook
Writer Credit: Phyo Ko Ko Naing Facebook


04 Mar 2016     1,368 Views




RELATED

Most Popular of International News

Most Popular of NEWS