BEC-TERO TV

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက် တည်ငြိမ် လိုသူများ အတွက်

04 Mar 2016     1,454 Views


၁။ ဘဝမှာ ကိုယ်လုပ်ချင်တာထက် ကိုယ်လုပ်သင့်တာတွေကို ရွေးချယ်လုပ်ကိုင်ပါ။
 
၂။ အမှားတစ်ခုခု ကျူးလွန်မိတဲ့အခါ ဝန်ခံတတ်ပါ။ အမှားတွေကနေ သင်းခန်းစာ ယူတတ်ခြင်းက ကိုယ့်ကို ပိုပြီး ရင့်ကျက်သောလူသားတစ်ဦး အသွင် ပုံဖော်ပေးသွားမယ်ဆိုတာကို ယုံကြည်ပါ။
 
၃။ ဘာမှမလုပ်ဘဲ လေးလံထိုင်းမှိုင်းနေတာနဲ့ အလုပ်တွေ အရမ်းလုပ်ပြီး မောပန်းနေတာဟာ ပင်ပန်းတာချင်းတူပေမဲ့ အဓိပ္ပာယ်ကွာခြား လွန်းလှပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုမှာ စိတ်ရောကိုယ်ပါ ရင်းပြီး တစိုက်မတ်မတ် ကြိုးစားလိုက်ပါ။
 
၄။ တစ်ခါတစ်လေ ကိုယ်မလုပ်နိုင်တဲ့ အရာတွေအတွက် ငြင်းဆိုတတ်ပါ။ ဒါမှသာ ကိုယ်တကယ်လုပ်နိုင်တဲ့ အရာတွေအတွက် ပိုအားစိုက်နိုင်မှာပါ။
 
၅။ ကိုယ့်ကို အမှန်တကယ်ချစ်မြတ်နိုးသူတွေကို ပိုမိုမေတ္တာထား အချိန်ပေးဆက်ဆံပါ။ ဘဝဟာ တိုတောင်းလှပါတယ်။ ကိုယ့်ကို အကြောင်းအရင်းမရှိဘဲ မုန်းတီးနေသူတွေ အကြောင်း စဉ်းစားဖို့ အချိန်မရှိပါဘူး။
၆။ သူများကိုယ့်ကို စိတ်ဝင်စားအောင် ကြိုးစားဖို့ထက် ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကို ပိုမိုအာရုံစိုက် လုပ်ဆောင်ပါ။
 
၇။ ကိုယ့်မှာရှိတဲ့ အရာတွေအတွက် အမြဲအသိအမှတ်ပြု ကျေနပ်တတ်ပါ။ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲ ကြုံတွေ့နေရပါစေ နောက်ထပ်ကြိုးစားဖို့ လက်ထဲမှာ အချိန်ရှိနေသေးတယ်။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာရှိနေသေးတယ် ဆိုတာတွေကို အသိအမှတ်ပြုတတ်ပါ။
 
၈။ အခြားသူတွေရဲ့ ဘဝအောင်မြင်ပျော်ရွှင်နေတာမြင်ပြီး ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာတွေ ရပ်လိုက်ပါ။ ကိုယ်လုပ်နိုင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ပြီး ဘဝကို မြင့်မားလာအောင် စတင်ကြိုးစားလိုက်ပါ။
 
၉။ ကိုယ့်လွတ်လပ်ခွင့်ကို အကောင်းဆုံး အသိအမှတ်ပြုပြီး အပြည့်အဝ ခံစားပျော်ရွှင်ပါ။
 
၁ဝ။ အခြေအနေတစ်ခုကနေ တစ်ခုကိုပြောင်းလဲတဲ့အခါ ကိုယ်ပေးဆပ်လိုက်ရတဲ့ အရာတွေအတွက် ပိုကောင်းတာတွေ ရလာနိုင်တယ်ဆိုတာကို နားလည်ထားပါ။
 
ဒီအချက်တွေအတိုင်း လိုက်နာနေထိုင်နိုင်မယ်ဆိုရင်တော့ စိတ်ရဲ့ ရင့်ကျက်တည်ငြိမ်မှုတွေကို အတိုင်းအတာ တစ်ခုထိ ခံစားနိုင်မှာဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာ ဖြစ်ချင် လုပ်ချင်နေတာလေးတွေကိုလည်း ပိုမိုခံစားနားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ဟာ ဘဝမှာပိုပြီး အကျိုးရှိရှိ ရပ်တည်လာနိုင်ပါမယ်။ ဆုံးဖြတ်တွေ ပိုမို ပြတ်သားခိုင်မာပါလိမ့်မယ်။
 

04 Mar 2016     1,454 Views




RELATED

Most Popular of Special or Others

Most Popular of Life Style