BEC-TERO TV

နုပျို စိုပြည်သော အသားရေ အတွက် စားသောက်သင့်သော အစားအစာများ

04 Mar 2016     1,905 Views


အရွယ်မတိုင်ခင် အိုမင်းရင့်ရော် တာတွေကို ကာကွယ် ပေးပြီး အသားအရေ စိုပြည်ကာ ကိုယ့် ကိုယ်ကိုယ် ငယ်ရွယ် နုပျိုသွား တယ်လို့ ခံစားရမယ့် စူပါအစား အစာတွေကို သင်သိပါသလား။
 
သံလွင်ဆီ
စွမ်းအားမြင့် ဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိပါရှိတဲ့ သံလွင်ဆီ ကို အစားအစာချက်ပြုတ်ရာမှာပဲ ဖြစ်ဖြစ်၊ အရေပြားကို ပုံမှန်လိမ်း ပေးတာပဲဖြစ်ဖြစ် လုပ်ပေးတဲ့အ ခါ ထူးခြားမှုတွေကို ခံစားရမှာပါ။
 
အနက်ရောင်ချောကလက်
အရည်အသွေးမြင့် အနက် ရောင်ချောကလက်တွေဟာ အ ရေပြားနုပျိုမှုအတွက် ထောက်ကူ ပေးပါတယ်။ ခရမ်းလွန်ရောင် ခြည်ကြောင့် အရေပြားပျက်စီးမှု ကနေလည်း ကာကွယ်ပေးတယ် လို့ ဆိုပါတယ်။
 
ကမာ၊ မုတ်ကောင်
လူကြိုက်များပြီး ပင်လယ်စာ တစ်မျိုးဖြစ်တဲ့ ကမာကောင်တွေ မှာ အရေပြားကျန်းမာစိုပြည်စေ တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါ တယ်။ ကမာကောင်မှာပါတဲ့ ဇင့် နဲ့ဗီတာမင်အေဟာ အရေပြားကို ချောမွေ့ကြည်လင်စေတယ်လို့ ဆိုပါတယ်။
 
ကီဝီသီး
ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိကြွယ်ဝတဲ့ ကီဝီ သီးတွေဟာ နုပျိုမှုအတွက် ကူညီ ပေးပြီး အရေပြားဆဲလ်တွေပျက် စီးတာကိုလည်း ကာကွယ်ပေးပါ တယ်။
 
ရွှေဖရုံသီး
ရွှေဖရုံသီးမှာပါတဲ့ ဗီတာမင် အေ၊ အီး၊ စီနဲ့ ဘီတာကယ်ရို တင်းဟာ ခန္ဓာကိုယ်ကျန်းမာရေး အတွက်သာမက အသားအရေစို ပြည်လှပစေပြီး အရေးကြောင်း တွေဖြစ်ခြင်းက ကာကွယ်နိုင်ပါ တယ်။
 
ဝိုင်နီ
စပျစ်သီးတွေမှာ အရေပြား ကျန်းမာရေးအတွက် ထောက်ကူ ပေးပြီး အရွယ်တင်နုပျိုစေနိုင်တဲ့ ဓာတ်တွေပါတဲ့အတွက် ဝိုင်နီက လည်း အကျိုးဖြစ်စေတယ်လို့ ဆိုပါတယ်။
 

04 Mar 2016     1,905 Views




RELATED

Most Popular of Special or Others

Most Popular of Life Style