BEC-TERO TV

ဆရာဝန် (ဆမ) လက်မှတ် မရခဲ့တာကြောင့် စိတ်ကူးတွေ မဖြစ်လာနိုင်ခဲ့တဲ့ ပိုင်ဖြိုးသု

04 Mar 2016     1,559 Views


            ဒါရိုက်တာ ဝိုင်း ရိုက်ကူးနေတဲ့ “နေဝင်အိပ်တန်းတက်” ရုပ်ရှင် ဇာတ်ကားကြီးက ဆရာဝန်တွေ နဲ့ပတ်သက်တဲ့ အကြောင်းအရာ များကို အခြေခံထားပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် ဆရာဝန်တစ်ဦးဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသုက ဆရာဝန် နဲ့ပတ်သက်တဲ့ အကြောင်း အရာ တချို့ ကို အကြံဥာဏ်ပေးမှု များရှိခဲ့တယ်လို့ သိရပါတယ်။ ပိုင်ဖြိုးသု ပေးခဲ့တဲ့ အကြံဥာဏ်လေးတွေ က “ညီမကတော့ ဆေးတက္ကသိုလ် လည်း တက်ခဲ့ရတယ်။ ဟောက်ဆာဂျင် လည်း ဆင်းခဲ့ရတော့ အဲဒီက အတွေ့အကြုံလေးတွေ ကို ပြောပြတယ်။ ဆရာဝန် တစ်ယောက် ရဲ့ ပုံပန်း သဏ္ဌာန် လူနာကို ကိုင်တွယ်ပုံနဲ့ ဆေးဝါး အကြောင်းလေးတွေ ကို ပြောပြဖြစ်ပါတယ်။ တအား ကြီး တတ်လိုတော့ မဟုတ်ပါဘူး။ နည်းနည်းတော့ နားလည်ထားတာ တွေရှိတယ်လေ။ ကိုယ့်ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ ကိုဝိုင်းကို တစ်ဖက် တစ်လမ်းက ကိုယ်တတ်ခဲ့တဲ့ ပညာလေး နဲ့ ကူညီတဲ့သဘောမျိုးပါ”လို့ ပြောပြပါတယ်။

            ပိုင်ဖြိုးသုက ဆရာဝန် တစ်ဦးဖြစ်ခဲ့သော်လည်း ဆရာဝန် မှတ်ပုံတင် လက်မှတ်နှင့် ဆေးကုသခွင့် လိုင်စင် (ဆမ) လက်မှတ်မရ လို့ ဆေး ကုသ ခွင့်မရခဲ့ပါဘူး လို့ ပြောတဲ့ ပိုင်ဖြိုးသုက “ညီမက ၅ နှစ်တက်ရတဲ့ Batch မဟုတ်ဘူး။ ၇ နှစ်တက်ရတဲ့ Batch လေ။ ညီမက အထွေထွေ ကျန်းမာရေးကုသမှု တက်ခွင့်ရတာပါ။ ညီမကျောင်းပြီးတော့ ဟောက်ဆာဂျင် ဆင်းရတယ်။ ကျောင်းကို ၇ နှစ်တက်ရတဲ့ အတွက် ကျောင်းပြီးတာနဲ့ (ဆမ) လက်မှတ်တန်းပေးတယ်။ အရင်ကတော့ ၅ နှစ်တက်ပြီးရင် (ဆမ)ရဖို့ တက်ရသေးတယ်။ အဲဒီတော့ ညီမက ကိုယ်လည်း ကျောင်းပြီးတယ်။ ဟောက်ဆာဂျင် လည်း ဆင်းထားတယ် ဆိုတော့ ဆေးလက်မှတ် ရမယ်လို့ ထင်ထားတာပါ။ ဒီအနုပညာ အလုပ်လည်း စလုပ်ရော (ဆမ) မပေးဘူးလို့ သိလိုက်ရတယ်။ ညီမကို မြန်မာနိုင်ငံဆေးကောင်စီ ကပြောပါတယ်။ ဒီအလုပ် ကို မလုပ်တော့ဘူး ဆိုရင် (ဆမ) ထုတ် ပေးမယ်လို့ ပြောတယ်။ ညီမက ဒီအလုပ်ကို တအားချစ်တယ်။ တအားလည်း ဝါသနာ ပါတော့ ဒီအလုပ်ကို မစွန့်လွှတ်နိုင်ဘူး ဆိုပြီး ဆရာကိုပြောတော့ ဆရာတွေက ဒါဆိုရင်တော့ ထုတ်မပေးနိုင်ဘူး။ နောင် သမီး ဒီအလုပ်ကို မလုပ်တော့ ဘူးဆိုရင် အချိန်မရွေး (ဆမ) ထုတ်ပေးပါ့မယ် လို့ ညီမကို ပြောပါတယ်။

              ညီမအနေ နဲ့ကတော့ ကိုယ်ဝါသနာ ပါပြီး ကိုယ်ချစ် တဲ့ အလုပ်ကိုပဲ လုပ်သွားမှာပါ။ အနုပညာဘက်ကို အောင်မြင်အောင် ကြိုးစားသွားမှာပါ။ ဆေးဘက်မှာလည်း ဆုံးရှုံးမှု ကြီးဖြစ်ထား တာလေ။ ဆရာဝန် အလုပ် ကလည်း ဘဝအတွက် အရေးပါတဲ့ အသက်မွေး ဝမ်းကျောင်း အလုပ် တစ်ခုဖြစ်သလို ဒီအနု ပညာ အလုပ်က လည်း ညီမ အတွက်တော့ အင်မတန် အရေးပါတဲ့ အလုပ် တစ်ခုပါ။ ဆေးကုသခွင့် မရလို့ ဆိုပြီး နောင်တ ရနေရင်လည်း ကိုယ်ပဲ ပင်ပန်း ရမယ်။ ကိုယ်လုပ် ချင်လို့ ရွေးချယ်လိုက်တဲ့ အနုပညာ အလုပ်ကိုယ်ပဲ အကောင်းဆုံး ဖြစ်အောင် လုပ်သွားမယ်”လို့ ပြော ပါတယ်။

             ပိုင်ဖြိုးသု က အရင်က ဆေးကျောင်းဆင်း ပြီးရင် ပရဟိတ အလုပ် တစ်ခု လုပ်ဖို့ စီစဉ်ထားပေမယ့် (ဆမ)မရခဲ့တဲ့ အတွက် သူ့ရဲ့ စိတ် ကူးတွေ အကောင် အထည် မဖော်ဖြစ်နိုင်ခဲ့ဘူး လို့ ပြောပါတယ်။ သူက ခုထိလည်း ဆေးပညာ နဲ့ ပတ်သက်ပြီး လေ့လာစရာ များကို လေ့ လာနေ သလို သူ ရောက်ရှိတဲ့နေရာ တိုင်းမှာ၊ ရိုက်ကွင်း တိုင်းမှာ နေမကောင်းတဲ့ သူများ ရှိပါက လည်း သောက် ရမယ့် ဆေးတွေ ကို ပြောပြပေးဖြစ်ကြောင်း ပိုင်ဖြိုး သုက ပြောပါတယ်။ ပိုင်ဖြိုးသုက “နေဝင် အိပ်တန်းတက်” ရုပ်ရှင်ဇာတ် ကား မှာပြေတီဦး နဲ့ ပါဝင် သရုပ်ဆောင် ထား ပြီး နောက်ထပ် လည်း ရုပ်ရှင် ဇာတ်ကားကြီး ၃ ကားလောက် ဆက်လက် ရိုက်ကူး သွားဖို့ရှိကြောင်း သိရပါတယ်။ http://popularmyanmar.com/afpopular/


04 Mar 2016     1,559 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment