BEC-TERO TV

သြဇီမှာ မြန်မာကို ဂုဏ်တက် စေခဲ့တဲ့ ထွန်းထွန်း

04 Mar 2016     1,546 Views


မဲလ်ဘုန်းမြို့သူမြို့သားတွေရဲ့ စမ်းသပ်မှုတွေထဲမှာအမှတ်မထင် ပါဝင်သွားခဲ့တာဖြစ်ပါတယ်။  

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ အငြိမ့်သွားကရင်း ဖြစ်ခဲ့တာပါ။မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ကူညီရိုင်းပင်းတဲ့ စိတ်ဓာတ်လေးကို ဖော်ပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မဲလ်ဘုန်းမြို့သူ မြို့သားတွေရဲ့ ကိုယ်ကျင့်တရားကို လျို့ဝှက်ကင်မရာတွေနဲ့ စမ်းသပ်မှုတွေ လုပ်တဲ့ထဲကို ထွန်းထွန်းက ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ အငြိမ့်မကခင် မဲလ်ဘုန်းမြို့ရဲ့လူစည်ကားတဲ့ နေရာကို ရှော့ပင်းထွက်ရင်း ဖြစ်ခဲ့တဲ့ ပုံစံလေးကိုလည်း ထွန်းထွန်းကပြောပြခဲ့ပါတယ်။

"ကျွန်တော်တို့ကလည်း အငြိမ့်မကခင် ရှော့ပင်းထွက်လာတာပေါ့။ကောင်မလေးတစ်ယောက်က i phone ပြုတ်ကျသွားတာကို ကောင်လေးတစ်ယောက်က ကောက်လိုက်တဲ့အချိန် နောက်တစ်ယောက်က သူ့ဖုန်း ဆိုပြီးတော့ လုပြေးသွားတာ တွေ့လိုက်တယ်။ ကျွန်တော်လည်း ကောင်မလေးဖုန်းယူသွားတဲ့ လူကို လိုက်ပြီး ညွှန်ပြပေးလိုက်တာပါ။ကောင်မလေး လက်ထဲကို ဖုန်းပြန်ထည့်ပေးလိုက်တာတွေ့မှ ပြန်လှည့်လာခဲ့တာပါ။ဒါကိုလည်း ပြီးတော့မှ မဲလ်ဘုန်းမြို့မှာ i-phone တစ်လုံးနဲ့ လူတွေရဲ့ တုန့်ပြန်မှုကို စမ်းသပ်တာလို့ သိရတာပေါ့။၏။ဒီဗီဒီယိုဖိုင်လေးကို ကိုမင်းမော်ကွန်းက လာပြတော့မှ ကျွန်တော်လည်း သိရတာပေါ့။အရမ်းလည်း ဝမ်းသာမိပါတယ်။ကျွန်တော့်နေရာမှာ တစ်ခြားမြန်မာနိုင်ငံသားတစ်ယောက်ဆိုလည်း ဒီလိုကူညီမှုမျိုးလုပ်ပေးလိမ့်မယ် လို့ယုံကြည်ပါတယ်။"လို့ဆိုပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်ကို သြစတြေးလျ လူငယ်ဒါရိုက်တာ Alexander Moss ကရိုက်ကူးဖန်းတီးထားတာလို့လဲ သိရပါတယ်။


04 Mar 2016     1,546 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment