BEC-TERO TV

နိုင်ငံအနှံ့ဆိုင်ဘာမှုခင်းပေါင်း ၆၈ ခုအထိ အရေးယူထား

04 Mar 2016     1,697 Views


           ပြည်တွင်းမှာ ဆိုင်ဘာဥပဒေရေးစွဲနေဆဲဖြစ်ပေမယ့် အခြားဥပဒေတွေနဲ့ အရေးယူထား တဲ့ ဆိုင်ဘာမှုခင်းပေါင်း ၆၈ အထိရှိထားပြီး အများဆုံးကဂုဏ်သိက္ခာညှိုနွမ်းစေမှုနဲ့ ပတ်သတ်တဲ့ မှုခင်းဖြစ်စဉ်တွေလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြောပါတယ်။ပြည်တွင်းမှာ ကျင့်သုံးမယ့် ဆိုင်ဘာဥပဒေ ကိုရေးစွဲနေဆဲဖြစ်ပါတယ်။ဒါပေမယ့် နည်းပညာအသုံးပြု ပြစ်မှု ကျူးလွန်တဲ့ ဆိုင်ဘာမှုခင်းတွေကို အီလက်ထရောနစ်ဥပဒေနဲ့ ဆက်သွယ်ရေး ဥပဒေတွေသုံးပြုပြီး အရေးယူမှုပြုလုပ်မှာဖြစ်ပါတယ်။

          လက်ရှိအထိတော့ ဆိုင်ဘာမှုခင်း တွေထဲမှာ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ ပတ်သက်တဲ့ မှုခင်းဖြစ်စဉ်က ၁၆ မှုနဲ့ အများဆုံး ဖြစ်နေပါတယ်။ပြည်တွင်းမှာ အီလက်ထရောနစ်ဥပဒေ ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ ညှိစွန်းအရေးယူခဲ့တဲ့ ပြစ်မှုပေါင်း ၁၁၇ မှုရှိတဲ့အနက် ဆိုင်ဘာမှုခင်းက တစ်ဝက်ကျော် ပါဝင်နေတာဖြစ်ပါတယ်။


04 Mar 2016     1,697 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS