BEC-TERO TV

အသက် (၃) နှစ်သာ ရှိသေးတဲ့ ကလေးငယ်ကို ဖရဲသီး ခိုးစားလို့ ဆိုပြီး ဓါးနဲ့မွှန်း လည်ပင်းညစ် သတ်ခဲ့တဲ့ သန်လျင် က အမျိုးသမီး

07 Mar 2016     1,397 Views


သန်လျင်မြို့နယ်တွင် အသက်(၃)နှစ်အရွယ် မိန်းကလေး ငယ်လေးကို ဖရဲသီးခိုးစားသည် ဟုဆိုကာ ဓားဖြင့်မွှန်းပြီး လည်ပင်းညှစ်သတ်ခဲ့သည့် အသက် (၂၁)နှစ်အရွယ် အမျိုးသမီးကို ၀ိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၆ ရက် ညဥ့်သန်းခေါင် ၁၂  နာရီခွဲတွင် ကလေးငယ်အလောင်းကို ပီနန်အိတ်ဖြင့် ထုပ်ကာ စွန့်ပစ်ရန် နေအိမ်မှ ထွက်လာစဉ် ပတ်ဝန်းကျင်မှလူများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သန်လျင်မြို့နယ် ဗိုလ်ချုပ်ရွာ ရွှေညောင်ပင်လမ်းတွင်နေသော အသက်(၃)နှစ်အရွယ် ကလေးငယ်သည် မတ်လ ၅ ရက် နံနက် ၁၀ နာရီခွဲက အိမ်နီးချင်းနေအိမ်ရှိ ကလေးနှင့် အတူကစားပြီး ယင်းနေအိမ်မှ ဖရဲသီးခိုးစားသည်ဆိုကာ အိမ်ရှင်အမျိုးသမီးက သတ်ခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသော ကလေးငယ်ကို ကစားဖော်၏မိခင် ဒေါ်လဲ့လဲ့ဝင်းက ၀မ်းဗိုက်ကို ဓားဖြင့်မွှန်းပြီး လည်ပင်းညှစ်သတ်ခဲ့ သည်ဟု ရဲစခန်းတွင် ၀န်ခံထွက်ဆိုကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

‘‘ကလေးကိုသတ်ပြီး အဲဒီ နေ့ညကလမ်းထဲမှာ မီးပြတ်သွား တယ်။ မီးပြတ်တဲ့အချိန်က အ လောင်းကို ပီနန်အိတ်နဲ့ထုပ်ပြီး လွှင့်ပစ်ဖို့ ထွက်အလာ မီးက ပြန် လင်းလာတယ်။ ရပ်ကွက်ကလူ တွေ ၀ိုင်းဖမ်းပြီး အိတ်ကိုဖွင့်လိုက် တော့ အလောင်းကို တွေ့တယ်။ စခန်းမှာလည်း သူ သတ်တယ်ဆို တဲ့အကြောင်း ၀န်ခံပါတယ်’’ ဟု သန်လျင်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

လူသတ်မှုကျူးလွန်သူ ဒေါ်လဲ့လဲ့ဝင်းကို သန်လျင်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိ နေပြီး လူသတ်မှုနှင့်ပတ်သက် ၍ ပြစ်မှုကျူးလွန်သူ၏ ခင်ပွန်းကိုပါ ရဲစခန်း၌ ခေါ်ယူစစ်ဆေးနေသည်။
 


07 Mar 2016     1,397 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS