BEC-TERO TV

နှစ်စဉ် လူတွေကို သတ်ဖြတ်မှု အများဆုံးသော သတ္တဝါ (၅) မျိုး

07 Mar 2016     1,295 Views


၅ ။ ခွေး
လူတွေရဲ့ အကောင်းဆုံးသူငယ်ချင်းလို့ဆိုတဲ့ ခွေးတွေက လူသတ်သတ္တဝါတွေထဲမှာ နံပါတ် ၅ နေရာမှာ ချိတ်နေတာ အံ့သြစရာပါ။ ခွေးတွေက လူတွေကို လိုက်ပြီး ကိုက်ဖြတ်စားသောက်နေတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူတို့က ကြောက်စရာအကောင်းဆုံး ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့ ခွေးရူးရောဂါကို ပျံ့ပွားစေတဲ့ တိရစ္ဆာန်တွေ ဖြစ်နေတယ်လေ။ ခွေးတွေကြောင့် တစ်နှစ်ကို သေဆုံးတဲ့ လူဦးရေ ၂၅,၀၀၀ ရှိပါတယ်။

၎ ။ မြွေ
လူအများစုက မြွေကို ကြောက်ကြပါတယ်။ တကယ်လည်း ကြောက်သင့်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ မြွေမျိုးပေါင်း ၆၀၀ ဝန်းကျင်ရှိရာမှာ ၂၀၀ က လူတွေကို သေစေနိုင်လောက်အထိ အဆိပ်ပြင်းပါတယ်။  တစ်နှစ်ကို မြွေကိုက်လို့ သေတဲ့လူဦးရေ ၅၀,၀၀၀ ရှိပါတယ်။

၃ ။ လူ
လူတွေကို အများဆုံးသတ်တဲ့ သတ္တဝါစာရင်းမှာ လူတွေပါနေတာ ဝမ်းနည်းစရာကောင်းပေမဲ့ ဒါဟာ ငြင်းလို့မရတဲ့ ကိစ္စရပ်တစ်ခုပါ။ လူသတ်မှုတွေ၊ စစ်ပွဲတွေကြောင့် နှစ်စဉ် လူ သန်းဝက်လောက် သေဆုံးနေပြီး ၁၉၀၀ ခုနှစ်ကစလို့ စုစုပေါင်း သေဆုံးတဲ့ လူဦးရေ သန်း ၁၆၀ ဝန်းကျင် ရှိနေပါပြီ။

၂ ။ ကြွက်
သမိုင်းကြောင်းအရ စံချိန်တင်သွားခဲ့တဲ့ ပလိပ်ရောဂါ သုံးကြိမ်ဖြစ်သွားခဲ့ပါတယ်။ ဒုတိယအကြိမ်က နာမည်အကြီးဆုံး ကပ်ရောဂါဆိုးကြီးဖြစ်ပြီး ဥရောပမှာ ၁၇ ရာစုနှစ်က ဖြစ်ပွားခဲ့တာပါ။ အဲဒီပလိပ်ရောဂါဆိုးကြီးဟာ ကူးစက်စေတဲ့ ပိုးမွှားတွေကို သယ်ဆောင်တဲ့ ကြွက်တွေကြောင့် အလျင်အမြန်ပျံ့နှံ့သွားခဲ့ပါတယ်။ ၁၃၄၇ ခုနှစ်ကနေ ၁၃၅၂ ခုနှစ် အတွင်းမှာ ဥရောပမှာ လူပေါင်း ၂၅ သန်းခန့် သေဆုံးခဲ့ရပြီး အဲဒီပမာဏက ဥရောပလူဦးရေရဲ့ သုံးပုံတစ်ပုံ ရှိပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် စုစုပေါင်း ၇၅ သန်းကနေ သန်း ၂၀၀ အထိ သေဆုံးခဲ့ပါတယ်။

၁ ။ ခြင်
နာဇီတွေက ခြင်တွေကိုသုံးပြီး နျူကလီးယားတိုက်ခိုက်ဖို့တောင် စီစဉ်ခဲ့ဖူးပါတယ်။ ဒီသတ္တဝါလေး ကိုက်တာက မိချောင်းတို့ ခြင်္သေ့တို့ ကိုက်တာထက် ပိုကြောက်ဖို့ ကောင်းပါတယ်။ ခြင်တွေက ငှက်ဖျားရောဂါပိုးကို သယ်ဆောင်ပါတယ်။ နှစ်စဉ် ငှက်ဖျားရောဂါခံစားနေရတဲ့ လူပေါင်း သန်း ၂၀၀ ခန့် ရှိပါတယ်။ တစ်နှစ်ကို လူတစ်သန်း သေဆုံးနေရပါတယ်။
 


07 Mar 2016     1,295 Views




RELATED

Most Popular of Special or Others

Most Popular of NEWS