BEC-TERO TV

ဘယ်လို လူမျိုးက ခြင်ကိုက်တာကို ပိုခံရသလဲ ဆိုတာ

07 Mar 2016     1,420 Views


ခြင်ရှိတဲ့ အခန်း တစ်ခန်းထဲလူသုံးလေးငါးယောက်နေတဲ့အချိန်မှာ လူတချို့က အကြိမ်ကြိမ် ခြင်ကိုက် ခံရပြီး တချို့ကတော့ အကိုက်ခံရတာ နည်းတယ်။ တချို့ကတော့ ခြင် ရှိတယ်လို့ မသိတဲ့အထိကိုအကိုက်မခံရပါဘူး။ အဲဒီလိုဆိုတော့ ခြင်က ဘယ်လိုလူမျိုးတွေကို ကြိုက်သလဲဆိုတဲ့မေးခွန်းက ထွက်ပေါ်လာပါတယ်။
 
နိုင်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တာ များတဲ့လူ
လူဟာ အားကစား လှုပ်ရှားပြီး ဒါမှမဟုတ် အလုပ်ကြမ်း လုပ်ပြီးနောက်မှာ အသက်ရှူရှိုက်တာမြန်ဆန်လာတတ်တယ်။ အဲဒီအခါမှာ ရှူသွင်းတဲ့ နိုင်ထရိုဂျင်ဒိုင်အောက်ဆိုဒ် များပြီး လူရဲ့ခေါင်း အထက် တစ်မီတာ နေရာမှာ စိုစွတ်၊ နွေးထွေးတဲ့ လေစီးကြောင်း တစ်ခု ဖြစ်တည် လာတတ်တယ်။ လူရဲ့မျက်စိက ဒါကို မမြင်နိုင်ပေမယ့် အာရုံထက်မြက်တဲ့ခြင် ကတော့ လွယ်လွယ်လေး မြင်နိုင်မယ်။ ဒါကြောင့် လူအုပ် တစ်အုပ်ထဲမှာ၊ အသက်ရှူရှိုက်မှု ပမာဏများတဲ့လူ၊ လူဝကြီး၊ အသက်ရှူ ပြင်းတဲ့လူ တွေဟာခြင်အကိုက်ခံရတတ်တယ်။
 
ချွေးဂလင်း အားကောင်းတဲ့လူ
ချွေးထွက်တတ်တဲ့လူဆိုရင် သွေးထဲမှာ အက်ဆစ်ဓါတ် ပိုများတာမို့ ခြင်ကို ပို ဆွဲဆောင်တတ်တယ်။ ခြင်ဟာ အပူချိန်နဲ့ပတ်သက်ရင် အာရုံ ထက်မြက်တဲ့အတွက် အပူချိန် နည်းနည်း ပြောင်းလဲရင်ကို ခြင်က ချက်ချင်း ခံစားမိနိုင်တယ်။ ချွေးထွက်တဲ့လူဟာ ကိုယ်အပူချိန် မြင့်တာကြောင့် ခြင်ကို ပိုဆွဲဆောင်တတ်တယ်။ ဒါ့အပြင် ချွေးနံ့ ကိုယ်တိုင်ကလည်း ခြင်ကို သတင်းအချက်အလက်ပို့ ပေးနိုင်တယ်။ ဒါကြောင့်ခြင်ဟာ အရေပြား ကြမ်းပြီး ချွေးပေါက် ကျယ်တဲ့လူကို ပိုကိုက်တတ်တယ်။ တစ်ခါတလေ အမျိုးသားက အမျိုးသမီးထက်၊ လူငယ်က သက်ကြီးရွယ်အိုတွေထက် ခြင်အကိုက် ပိုခံရတတ်တယ်။
 
အရောင်ရင့် အဝတ်အစား ဝတ်ဆင်တဲ့လူ
ခြင်ဟာ အလင်းရောင်ကို မကြိုက်ဘူး၊ ဒါပေမယ့် မှောင်လွန်းအားကြီးဆိုလည်း မကြိုက်ဘူး။ အလင်းရောင် နည်းနည်းသာ ရှိတဲ့ ပတ်ဝန်းကျင်မှာ သွေးစုပ်လေ့ရှိတယ်။ နေ့ခင်းမှာ လူတွေက အရောင်ရင့် အင်္ကျ ီကို ဝတ်ဆင်ထားတဲ့အခါ ရောင်ပြန်ဟပ်မှုကို ခြင်က ကြိုက်နှစ်သက်တယ်။ ဒါ့အပြင် ခြင်က ကိုယ်အပူချိန် အသင့်အတင့် မြင့်တဲ့လူကို ပို သဘောကျတယ်။ အရောင်ရင့် အင်္ကျ ီ ဟာ အပူဓါတ်ကို ပို ခံနိုင်တယ်။ ဒါကြောင့် အရောင်ရင့် အဝတ်အစား ဝတ်ဆင်သူရဲ့ ဆွဲဆောင်အားဟာ အများကြီး တိုးလာစေတယ်။ အနက်ရောင် အင်္ကျ ီဟာ ခြင် အကိုက် ခံရဆုံးလို့ လူတွေက ယူဆကြတယ်။ တကယ်ဆိုတော့ အရောင်ရင့် ကွမ်းရိုးစင်းထည် ဂျင်းဘောင်ဘီ ဝတ်တဲ့လူဟာ ခြင် ထိုးစစ်ဆင် တိုက်ခိုက်မှု အခံရတတ်ဆုံးသူပဲ ဖြစ်တယ်။
 
အလှပြင်တဲ့လူ
ရေမွှေး၊ ခေါင်းလိမ်းဆီ၊ မျက်နှာလိမ်းဆီ စတဲ့ အမွှေးနံ ပါတဲ့ အလှပြင်ပစ္စည်းကို အသုံးပြုတဲ့လူဟာ ခြင်အကိုက်ခံရနှုန်းလည်း မြင့်တက် စေတတ်တယ်။ အလှပြင် ပစ္စည်း အများစုထဲမှာ ခြင်ကို ဆွဲဆောင်နိုင်တဲ့ ဓါတုပစ္စည်းတွေ ပါတယ်။ ဒါကြောင့် အလှပြင်ထားတဲ့ မိန်းကလေးတွေ အလှ မပြင်တဲ့လူထက် ခြင်ရဲ့ ကြိုဆိုမှုကို ပိုခံရတတ်တယ်။
 
အပူချိန်၊ အလင်းရောင်၊ အသံနဲ့ အနံ တို့ဟာ ခြင်က သွေးစုပ်မယ်လို့ ဆုံးဖြတ်တဲ့ သတင်းအချက်အလက် လေးရပ် ဖြစ်တယ်။ ခြင်ရဲ့ ရှာဖွေစွမ်းအား ဘယ်လောက်အထိ အားကောင်း သလဲလို့ မေးရင် ခြင်ဟာ အဝေးဆုံး ကီလိုမီတာ ၆၀ ဝေးတဲ့ သတင်းအချက်အလက်ကို ဖမ်းယူ ခံစားနိုင်တယ်။ အဲဒီဘောင်အတွင်း အထက်ပါ သတင်းအချက်အလက်တွေ ပြင်းလေလေ ခြင် အကိုက် အခံရတတ်လေလေပါပဲ။
 

07 Mar 2016     1,420 Views




RELATED

Most Popular of Special or Others

Most Popular of Life Style