BEC-TERO TV

ယောက်ျားလေးနဲ့ မိန်းကလေး ဘယ်သူက ပိုပြီး ဖောက်ပြန် တတ်သလဲဆိုတာ

07 Mar 2016     2,440 Views


သမိုင်းဝင် အချက်အလက်တွေအရ ယောက်ျား ၂၂ % နဲ့ မိန်းမတွေက ၁၄% ဖောက်ပြန်ကြကြောင်း ဖော်ပြခဲ့ကြပါတယ်။ဒါပေမဲ့ အချိန်တွေပြောင်းလဲလာသလို အကြောင်းအရာတွေက လည်း ပြောင်းလဲလာကြပါတယ်။ မကြာမီက အင်္ဂလန်နိုင်ငံက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဖောက်ပြန်မှုမှာ ယောက်ျားက ၉ %ဖြစ်သွားပြီး မိန်းမက ၂၅% ဖြစ်သွားပါတယ်။
 
သဘောကတော့ ယောက်ျားအားလုံးရဲ့၁၀ ပုံ ၁ ပုံကဖောက်ပြန်တဲ့အချိန်မှာ မိန်းမ လေးပုံတစ်ပုံက ဖောက်ပြန်နေပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ဖောက်ပြန်မှု ၊သစ္စာမဲ့မှုဆိုတာ ကိုယ်ခန္ဓာရော စိတ်ဓာတ်ကိုရော ငွေကြေးကိုပါ ဖျက်ဆီးနိုင်ပါတယ်။
 
အခု စစ်တမ်းအရ ယောက်ျားတွေက အင်္ဂါဂြိုဟ်ကလာတဲ့ ကာမဂုဏ်ကို ဆာလောင်ပြင်းပြနေတဲ့ သားရိုင်း တစ်ကောင်နဲ့တူပြီး မိန်းမတွေက သောကြာဂြိုဟ်ကလာတဲ့ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာကိုပဲ တန်ဖိုးထားတတ်သူတွေဖြစ်တယ် ဆိုတဲ့ အဆိုကို ငြင်းဆိုလိုက်ပြီး လိင်နှစ်မျိုးစလုံးဟာ ရှုထောင့်ပေါင်းစုံကနေ ဖောက်ပြန်မှုဆီကို ပြောင်းလဲလာနေတာကို တွေ့ရှိရပါတယ်။
 
အမျိုးသားတွေက အိမ်မှာ ပျော်ရွှင်ရပေမယ့် အပြင်မှာ အခွင့်အရေးရရင် လက်လွတ်မခံဘဲ ပျော်ပါးတတ်သူများဖြစ်တယ်လို့ ဆိုပေမဲ့ ဟန်ဆောင်ပြီး ချဉ်းကပ်လာတဲ့သူတွေကို ဖယ်ထုတ်တဲ့နေရာမှာ ယောကျာ်းတွေက ပိုတော်တယ်လို့ ဆိုပါတယ်။
 
တချို့ကတော့ မိန်းမတွေဖောက်ပြန်ရတဲ့အကြောင်းက အဆင်မပြေတဲ့ ဆက်ဆံရေးကနေ ခဏတာဖြစ်ဖြစ် လွတ်မြောက်မှုရှာတဲ့ သဘောဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကိုယ့်အဖော်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ အတူအိပ်ဖို့ကို စိတ်ဝင်စားတဲ့ အတွက် ဖောက်ပြန်ကြခြင်း ဖြစ်ပါတယ်။
 
အမှန်တော့ ဖောက်ပြန်ခြင်း အားလုံးနဲ့ပတ်သက်ပြီး တိကျတဲ့ အကြောင်းပြချက်တစ်ခုပေးဖို့ မဖြစ်နိုင်ပေမဲ့ ကိုယ့်ချစ်သူ ဖောက်ပြန်ရတဲ့အကြောင်းရင်းကို သိနိုင်မယ်ဆိုရင် ကျော်လွှားနိုင်ဖို့ဖြစ်စေ၊ လက်ခံပေးနိုင်ဖို့ ဖြစ်စေ သင့်လျော်တဲ့ အကြောင်းပြချက်တစ်ခုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
 

07 Mar 2016     2,440 Views




RELATED

Most Popular of Special or Others

Most Popular of Life Style