BEC-TERO TV

လူငယ်တွေနဲ့ အတူ ခရီင်္းသွား ပရိုဂရမ် ရိုက်ကူးခဲ့တဲ့ အေးမြတ်သူ

07 Mar 2016     1,298 Views


          သန်လျင်မှာ ရိုက်ကူးနေတဲ့ “အသက်လျော်ကြေး” ဗီဒီယို ဇာတ်ကား ရိုက်ကွင်း ကို ရောက်ရှိ ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ကျော်ဇ ရိုက်ကူးကာ နေမင်း နဲ့ အေးမြတ်သူ တို့က သရုပ်ဆောင် ထားပြီး အက်ရှင် ဇာတ်ကား တစ် ကား ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ် ကားမှာ အေးမြတ်သူ က စုံထောက် တစ်ဦး အနေနဲ့ သရုပ်ဆောင်ထား ကြောင်း သိရပါတယ်။

          ဒီဇာတ်ကား ရိုက်ကွင်းပေါ်မှာ အေးမြတ်သူရဲ့ အနုပညာ လှုပ်ရှားမှု အကြောင်းတွေကို မေးမြန်းကြည့်ခဲ့ရာ မှာတော့ အေးမြတ်သူက လူငယ်တွေ စုပြီး ခရီးသွားကြတဲ့ ပရိုဂရမ် ရိုက်ကူးရေး အတွက် ဘားအံက ဇွဲကပင်တောင်ကို တက်ရောက် ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ဒီရိုက်ကူးရေး နဲ့ ပတ်သက်ပြီး “လူငယ်တွေ စုံပြီး မြန်မာပြည်ရဲ့လှပတဲ့ တောတောင် ရေမြေတွေရှိ တဲ့နေရာတွေကို ခက်ခက်ခဲခဲ နဲ့သွား ချင်တယ်။ လူငယ်တွေ သိကြတဲ့ နေရာတွေ၊ သဘာဝဆန်တဲ့ နေရာတွေကို သွားရိုက်ကူးကြတာပါ။ အဓိက ကတော့ ကိုစိုင်းလုံး ကျောက် စီစဉ် တာပါ။ အကောင် အထည်တော့ဖော်နေပြီ။ စီစဉ်နေတုန်း ပါပဲ” လို့ ပြောပါတယ်။ ခရီးတွေသွား နေရတာကို သဘောကျတယ် လို့ဆိုတဲ့ အေးမြတ်သူ က “ရည်ရွယ်ချက်ကတော့ ခရီးသွားတာကို ကိုယ်ထူ ကိုယ်ထ တစ်နိုင် တစ်ပိုင်လေးနဲ့ သွား တာလေး ဖြစ် ချင်တယ်။

          အလုပ်နဲ့ သွားတယ် ဆိုရင် တောင် တခမ်းတနားကြီး သွားတာ မဟုတ်ဘဲ နဲ့ အပေါင်းအသင်း တွေနဲ့ ကိုယ့်အထုပ်လေး ကိုယ် ဆွဲပြီး သွားကြတဲ့Life လေးဖြစ်စေချင် တယ်။ အခုခေတ် လူငယ်တွေကိုလည်း အဲဒီလိုပုံစံ ခရီးသွားစေချင် တယ်။ အဲဒါကြောင့် ဒီအစီ အစဉ်ကို ရိုက်ဖြစ်တာပါ။ ကိုယ်ကလည်း ငယ်လည်းငယ်တုန်း ခရီးသွားချင်တယ်။ ငယ်တယ် ဆိုပေမယ့် အသက် က ၃ဝ ရှိနေပြီ။ ရှေ့ Life က သိပ်မကျန်တော့ဘူး။ ဒီအစီအစဉ်နဲ့ ခရီးသွား ခြင်းအားဖြင့် ကိုယ်လည်း ခရီးတွေ ထွက်ရတယ်။

         ကိုယ်သွား တာ ကိုကြည့် ပြီး ပျော်ရွှင် ကြည်နူးပြီး ခရီးတွေ သွားကြတာမျိုး ဖြစ်စေ ချင်လို့ ရိုက်ကူးဖြစ်တာပါ”လို့ ပြောပါတယ်။ အေးမြတ်သူက ဒါရိုက်တာ ခင်စောမျိုး ရိုက်ကူးတဲ့ ကမ္ဘာကျော် ဘုရင်မ (ရပ်ကွက်ဘုရင်မ၂ ) ရုပ်ရှင် ဇာတ်ကားမှာ ပါဝင် သရုပ် ဆောင် မှာ ဖြစ်ပြီး ဟာသ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ရမှာဖြစ်တာ ကြောင့် သူ့အတွက် ခက်ခဲမှု ရှိကြောင်း ပြောပါတယ်။ တကယ်လေး စား ရတဲ့ အမျိုးသမီး သရုပ်ဆောင်ကြီးတွေ ပါတဲ့ အတွက် ဇာတ်ကား ကောင်းမှန်း သိပေမယ့် စိုးရိမ် ပူပန်မှုတွေ ရှိပြီး အိုက်တင် မလုပ်နိုင် မှာကို စိတ်ပူမိတယ် လို့ အေးမြတ်သူက ပြောပါတယ်။ http://popularmyanmar.com/afpopular/


07 Mar 2016     1,298 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment