BEC-TERO TV

မွန်ဘိုင်းမြို့ရဲ့ ရောင်စုံအတွင်းဒီဇိုင်း တက္ကစီများ

07 Mar 2016     1,874 Views


အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ တက္ကစီမောင်းသူတွေဟာ တက္ကစီကားထဲမှာ စိတ်ကူးစိတ်သန်း ခပ်ဆန်းဆန်းနဲ့ တမူထူးသော ရောင်စုံဆေးသုတ်ကြပါတယ်။ လန်ဒန်မှာ တက္ကစီနက်၊ နယူးယောက်မှာ တက္ကစီဝါ၊ မွမ်ဘိုင်းမှာတော့ ရောင်စုံဖြာ တက္ကစီက နာမည်ကျော်ပါတယ်။

ရောင်စုံပုံ ဒီဇိုင်း များဖြင့် တက္ကစီအတွင်း ပိုင်းကို အလှဆင်ထားပါတယ် ။  Taxi Fabric လုပ်ငန်းက လုပ်ကိုင်နေခြင်း ဖြစ်သည်။ လူငယ် ဒီဇိုင်နာများ အများဆုံး ပါဝင်ထား ပြီး မွမ်ဘိုင်းမြို့၏ လူမသိသေးသော အနုပညာ စိတ်ကူးစိတ်သန်း များကို ပေါင်းစပ် ဖော်ကျူးကာ တက္ကစီ များ၏ အတွင်းပိုင်းကို အလှဆင် ပေးနေခြင်းလဲ  ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ တက္ကစီ အတွင်းပိုင်း ထိုင်ခုံများမှ အစ ကားတွင်းပိုင်း တစ်ခုလုံး ကိုပါ အလှဆင်ဖို့ ဒီဇိုင်း (၂၆) မျိုးထိ ရွေးချယ်နိုင် နေပြီ။ မွမ်ဘိုင်း တက္ကစီ များ၏ အတွင်းပိုင်း ဒီဇိုင်းဆန်းလွန်းလှ သဖြင့် Coldplay အဖွဲ့၏ Hymn for the Weekend သီချင်း အမ်တီဗီထဲမှာတောင်ပါဝင်ခဲ့ပါတယ်။

ဒီဇိုင်းများ ထဲတွင် မွမ်ဘိုင်းမြို့က နာမည်ကျော် ဂျူဟူချိုပတီ ကမ်းခြေပုံ များလည်း ပါဝင်ပြီး  မွမ်ဘိုင်းမြို့ တစ်ဝန်းက အထင်ကရ အဆောက်အဦပုံများ ဖြင့်လည်း တက္ကစီ အတွင်းပိုင်းကို ဒီဇိုင်းဆင် ထားကြပါတယ်။


07 Mar 2016     1,874 Views




RELATED

Most Popular of International News

Most Popular of NEWS