BEC-TERO TV

မက်ဆီ နဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းလဲ ငြင်းရင်းနဲ့ လူသတ်မှုဖြစ်ခဲ့

09 Mar 2016     2,123 Views


အိန္ဒိယနိုင်ငံ မွမ်ဘိုင်း မြို့နေ နိုင်ဂျီးရီးယားနိုင်ငံသား တစ်ဦးသည် လူမျိုးတူသူငယ်ချင်း တစ်ဦးကို မက်ဆီနှင့် ရော်နယ်ဒို တို့နှစ်ဦးတွင် မည်သူက ကမ္ဘာ့ အကောင်းဆုံးဖြစ်ကြောင်း စကား များ ငြင်းခုံကာ ဓားဖြင့်ထိုးသတ် ဖြတ်မှု ဖြစ်ပွားခဲ့သည်။

အိန္ဒိယရဲတပ်ဖွဲ့၏ ထုတ်ပြန် ချက်အရ ထိုနိုင်ဂျီးရီးယားသား မိုက်ကယ်ချွတ်က်မူဝါ (၂၁) နှစ် သည် မိတ်ဆွေ အိုဘီနာဒူရန်ချွတ် ကဝူနှင့် မက်ဆီနှင့် ရော်နယ်ဒိုတို့ သည် မည်သူသာသည်ဟု ငြင်းခုံ ရန်ဖြစ်ရင်း လုံးထွေးသတ်ပုတ် ခဲ့ကြောင်း၊ ထို့နောက် မိုက်ကယ် က အိုဘီနာကို ဓားဖြင့် ထိုးသတ်ခဲ့ ၍ သေဆုံးသွားကြောင်း သိရ သည်။

‘‘နိုင်ဂျီးရီးယား လူငယ်နှစ် ဦးစလုံးက ဘောလုံးသမားတွေ အကြောင်း ငြင်းရင်းဖြစ်တာပါ။ တစ်ဦးက မက်ဆီပရိသတ်၊ ကျန် တစ်ဦးကတော့ ရော်နယ်ဒို ပရိ သတ်ပေါ့။ ပြောရင်းနဲ့ ရန်ဖြစ် တယ်။ တစ်ယောက်က တခြား တစ်ယောက်ကို ဖန်ခွက်နဲ့ ကောက်ပေါက်တယ်။ ဒီနောက် တရားခံက ဓားနဲ့ ထိုးလိုက်လို့ သွေးထွက်လွန် သေဆုံးရတာပါ’’ ဟု ရဲတပ်ဖွဲ့ကပြောသည်။

၎င်းတို့သည် မွမ်ဘိုင်းမြို့ ဆင်ခြေဖုံးရှိ နယ်လတ်ဆိုပါရာ အရပ်တွင် နေထိုင်သူများဖြစ် သည်။

အဆိုပါ သေဆုံးမှုသတင်း နှင့် ပတ်သက်၍ နိုင်ဂျီးရီးယား သားများသည် အိန္ဒိယတွင် ပညာ သင်သူများ (သို့မဟုတ်) စီးပွား ရေး လာရောက်လုပ်ကိုင်နေသူ များဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ က အသေးစိတ်ထုတ်ပြန်ခြင်း မရှိ

သလို နယူးဒေလီရှိ နိုင်ဂျီးရီးယား ကောင်စစ်ဝန်ရုံးကလည်း ၎င်းတို့ နိုင်ငံသားများ ဖြစ်စဉ်နှင့် ပတ် သက်၍ မည်သည့်မှတ်ချက်မျှ ထုတ်ပြန်ခြင်း မရှိသေးပေ။

 


09 Mar 2016     2,123 Views




RELATED

Most Popular of Football

Most Popular of Sport