BEC-TERO TV

ရှမ်းပြည်က လမ်းတွေကိုတော့ အထင်မသေးသင့်ဘူး.. အရှိလျှော့မောင်းပါ

09 Mar 2016     1,280 Views


ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ တောင်ကြီး-အေးသာယာသွား အဆင်း ကားလမ်း မိုင်တိုင်အမှတ် (၁၁၂/၀)နှင့် (၁၁၂/၁)ကြား၊ လမ်းယာဘက်ရှိ ပေ ၁၅၀ ခန့်နက်သော ချောက်အတွင်းသို့ မတ် ၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် CHENG LONG TRACTOR အမျိုးအစား ၂၂ ဘီး ဆီသယ်မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်အား မတ် ၆ ရက် နံနက် ၁၀ နာရီမှစ၍ တပ်မတော်မှ ကရိန်းမော်တော်ယာဉ်၊ ပုဂ္ဂလိက ဆီသယ်ယာဉ်နှင့် စက်သီးကြိုးများအသုံးပြုပြီး နယ်မြေခံတပ်မတော်သားများ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ချောက်အတွင်းမှ လမ်းပေါ်သို့ရောက်အောင် တစ်ဆင့်ချင်း ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲတွင် မော်တော်ယာဉ်တစ်စီးလုံး ချောက်ထဲမှ ပြန်လည်ဆယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယာဉ် တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

နေပြည်တော်၊ မတ် ၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


09 Mar 2016     1,280 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS