BEC-TERO TV

နာကျင်မှုခံစားရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းမှ တဆင့် သိရှိနိုင်တဲ့ ကိုယ်တွင်း ရောဂါများ

09 Mar 2016     1,312 Views


နာကျင်မှုဆိုတာ တစ်နေရာရာမှာ ရောဂါတစ်ခုခုဖြစ်နေပြီဆိုတာကို သိသိသာသာ အပြနိုင်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ နေရာတစ်ခုမှာ နာကျင်နေတိုင်း အဲ့ဒီနေရာမှာ ရောဂါဖြစ်နေတယ်လို့ မဆိုနိုင်ပါဘူး။ တခြားနေရာမှာ ဖြစ်နေတဲ့ရောဂါကို ဒီနေရာမှာပြတတ်တဲ့အတွက် လူတွေက မသိရှိဘဲ ကျော်သွားတတ်ကြပါတယ်။ ဒါကိုလျစ်လျူရှုမိရင် အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အဖြစ်ကြုံရနိုင်တာကြောင့် ဘယ်နေရာကနာရင် ဘယ်ကိုယ်တွင်း အင်္ဂါမှာရောဂါဖြစ်နေလဲဆိုတာ သိထားသင့်ပါတယ်။

၁) နှလုံး - အများအားဖြင့် ရင်ဘတ်တ၀ိုက်မှာနာကျင်တတ်ပါတယ်။ ဒါပေမဲ့တခါတလေ ညာလက်မောင်းနဲ့ ကျောအပေါ်ဘက်လည်း နာကျင်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းနာကျင်ရင် နှလုံးနဲ့ ပတ်သက်နိုင်တာကြောင့် သတိပြုသင့်ပါတယ်။

၂) အဆုတ်နဲ့ ဝမ်းဗိုက်ကာကြွက်သား-  လည်ပင်းနဲ့ ပခုံးအပေါ်ဘက်နာကျင်တတ်ပါတယ်။

၃) အသည်းနဲ့ သည်းခြေအိတ်- ပထမဆုံးသင်္ကေတအဖြစ် လည်ပင်းနဲ့ ပခုံးအပေါ်ဘက် နာကျင်ပြီးနောက်မှာ ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း နာကျင်လာတတ်ပါတယ်။

၎) အစာအိမ်နဲ့ သရက်ရွက်- ၀မ်းဗိုက်နဲ့ ကျောတ၀ိုက် နာကျင်တတ်ပါတယ်။ နာတာရှည် သရက်ရွက်ရောင်ရမ်းနာရောဂါဆိုရင် ကျောဘက်မှာ ဆိုးဆိုးရွားရွားနာကျင်မှု ခံစားရတတ်ပါတယ်။

၅) အူသိမ်- ချက်တ၀ိုက် နာကျင်မှု ခံစားရတတ်ပါတယ်။ ဒီလိုနာကျင်မှုမျိုးခံစားရရင် ဆရာဝန်နဲ့သေချာစွာ စစ်ဆေးကြည့်ဖို့ လိုပါတယ်။

၆) အူမကြီး-အူအတက်ပေါက်ခြင်းဖြစ်လျှင် ၀မ်းဗိုက်ညာဘက် အောက်တပြင်လုံး စူးစူးရှရှနာကျင်တတ်ပါတယ်။ ၀မ်းဗိုက်အောက် အလယ်ပိုင်းနား တ၀ိုက်နာကျင်ရင် အူမကြီးနဲ့ အစာဟောင်းအိမ်ရောဂါ ခံစားနေရ တာ ဖြစ်နိုင်ပါတယ်။

၇) ကျောက်ကပ်-ကျောက်ကပ်ရောဂါက ရောဂါရှာဖွေရ ခက်ခဲတတ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ကျောအောက်ပိုင်း၊၀မ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်တ၀ိုက်နာကျင်မှု ခံစားရတတ်ပါတယ်။

၈) ဆီးအိတ်- ဆီးခုံ အောက်ပိုင်းနာကျင်မှု ခံစားရတတ်ပါတယ်။


09 Mar 2016     1,312 Views




RELATED

Most Popular of Special or Others

Most Popular of Life Style