BEC-TERO TV

ငလျင်လှုပ်တဲ့ အထိတောင် အောင်ပွဲခံ ခဲ့တဲ့ လတ်စတာစီးတီး ပရိတ်သတ်

10 Mar 2016     2,026 Views


လက်စတာအသင်း၏အောင်မြင်မှုကြောင့် ပရိသတ်များအောင်ပွဲခံခုန်ပေါက်ခဲ့ကြရာ လက်စတာမြို့တွင် ငလျင်အသေးစားတစ်ခုပင် လှုတ်ခတ် သွားခဲ့သည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီနှောင်းပိုင်းက ပရီးမီးယားလိဂ်ပွဲစဉ် ပွဲချိန် ၈၉ မိနစ်တွင် နောရစ်ခ်ျအသင်းဘက်သို့ လက်စတာအသင်းက အနိုင်ဂိုးသွင်း လိုက်သဖြင့် ကင်းပါဝါကွင်းအတွင်းမှလက်စတာပရိသတ် များ အောင်ပွဲခံခုန်ပေါက်ကြရာ ပြင်းအား ၀ ဒသမ ၃ အဆင့်ရှိ ငလျင်အသေးစား တစ်ခုဖြစ်ပေါ်သွားသည်ဟု လေ့လာမှုများက ဖော်ပြကြသည်။

 

လက်စတာအသင်းသည် ပရီးမီးယားလိဂ်တွင် အံ့အားသင့်ဖွယ်ခြေစွမ်းပြနေပြီး ကိုးပွဲကစားရန်ကျန်သေးချိန်တွင် အမှတ်ပေးဇယားကို ငါးမှတ် ဖြတ် ဦးဆောင်ထားသည်။

 

လက်စတာတက္ကသိုလ်မှ ဘူမိဗေဒကျောင်းသားများသည် ငလျင်တိုင်းတာသည့်ကိရိယာကို ဘောလုံးကွင်းအနီးရှိ မူလတန်းကျောင်းတွင် ထားရှိခဲ့ရာ လက်စတာတိုက်စစ်မှူး အူလိုအာ၏နောက်ကျ အနိုင်ဂိုးအပေါ် ပရိသတ်များအောင်ပွဲခံမှုကြောင့် ငလျင်အသေးစားတစ်ခု ဖြစ်ပေါ်ခဲ့ သည်ကို တိုင်းတာရရှိခဲ့ခြင်းဖြစ်သည်။


10 Mar 2016     2,026 Views




RELATED

Most Popular of Football

Most Popular of Sport