BEC-TERO TV

နာမည်ကြီး အားကစားသတင်း တင်ဆက်သူ Erin Andrews ရဲ့ ကိုယ်လုံးတီး ပုံကို ခိုးရိုက်လို့ အမေရိကန် ဒေါ်လာ ၅၅ သန်း နစ်နာကြေးပေးရ

10 Mar 2016     1,657 Views


အမေရိကန် အားကစားသတင်း တင်ဆက်သူ အယ်ရင် အန်ဒရူး (Erin Andrews) ကို သူတည်းခိုတဲ့ ဟိုတယ်တံခါး ချောင်းကြည့်ပေါက်ကနေ သူ့ရဲ့ ကိုယ်လုံးတီးပုံ ဗွီဒီယို ခိုးရိုက်ခဲ့မှုအတွက် ဟိုတယ်တွေက သူ့ကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၅၅ သန်းပေးဖို့ မတ်လ ၈ ရက်နေ့မှာ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

 

အယ်ရင် အန်ဒရူးကို ကိုယ်လုံးတီးဗွီဒီယို ခိုးရိုက်ခဲ့သူမှာ ၅၁ ရာခိုင်နှုန်း တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီဗွီဒီယို ခိုးရိုက်ခဲ့သူကို ဟိုတယ်က တာဝန်ခံရတဲ့အတွက် ဒဏ်တပ်ခဲ့တာပါ။

 

အသက် ၃၇ နှစ်အရွယ် အားကစားသတင်းတင်ဆက်သူ အယ်ရင် အန်ဒရူးဟာ ၂၀၀၈ ခုနှစ် ဗွီဒီယိုချောင်းရိုက်ခံရချိန်တုန်းက အီးအက်စ်ပီအန် အားကစားရုပ်သံမှာ အားကစားသတင်း တင်ဆက်သူ လုပ်နေပြီး အဲ့ဒီနောက်ပိုင်း ဖောက်စ် (Fox) ရုပ်သံဌာနကို ပြောင်းရွှေ့ခဲ့ပါတယ်။

 

အန်ဒရူးက ကိုယ်လုံးတီးပုံ ဗွီဒီယို ချောင်းရိုက်ခဲ့သူကိုရော၊ ဟိုတယ်တွေကိုပါ သူ့ကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၇၅ သန်း ရလိုမှုနဲ့ တရားစွဲဆိုခဲ့တာပါ။

ဗွီဒီယိုချောင်းရိုက်ခဲ့သူက သူ ဒီဗွီဒီယိုကို ရောင်းစားချင်လို့ ခိုးရိုက်ခဲ့တယ်လို့ ၀န်ခံခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ထောင် ၂ နှစ်ခွဲ ချမှတ်ခံရပါတယ်။

 

အန်ဒရူး နစ်နာကြေး တပြားတချပ်မှ မရအောင် အပြစ်အားလုံး သူ့ဆီပုံချဖို့ ဗွီဒီယိုခိုးရိုက်ခဲ့သူက ကြိုးစားခဲ့သေးတယ်လို့လည်း အန်ဒရူးရဲ့ ရှေ့နေတွေက အမှုအပြီးမှာ ပြောဆိုခဲ့ပါတယ်။


10 Mar 2016     1,657 Views




RELATED

Most Popular of International News

Most Popular of NEWS