BEC-TERO TV

ဘီယာအတူသောက်သူက လိုက်ပို့စဉ် သားမယားပြုကျင့်

10 Mar 2016     1,312 Views


          ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဘီယာအတူသောက်သူက အိမ်လိုက်ပို့စဉ် လမ်းတွင် သား မယားပြုကျင့်ခဲ့သည်ဆိုကာ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက မတ်လ ၇ ရက်နေ့တွင် တိုင်ကြားခဲ့သည်။ အဆိုပါနေ့ ည ၁၀ နာရီ အချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ခင်မင်ရင်းနှီးသူ ကိုဝင်းသိန်း(၅၄ နှစ်)နှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့နှင့်အတူ ၉၄ ရပ်ကွက်ရှိ ဘီယာဆိုင်တွင် အရက်အတူသောက်ခဲ့ ကြကြောင်း တိုင်တန်းချက်တွင် ပါရှိသည်။

          ည ၁၁ နာရီခွဲအချိန်ခန့်တွင် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးပြန်သွားခဲ့ပြီး တိုင်ကြားသူ အမျိုးသမီး ဘီယာမူးနေသဖြင့် ကိုဝင်းသိန်းမှ ဆိုင်ကယ်ဖြင့် လိုက်ပို့ ပေးမည်ဟုပြောဆိုခဲ့ကြောင်း၊ ထိုသို့လိုက်ပို့စဉ် ဒဂုံဆိပ်ကမ်းမြို့နယ် ၃၂ ကားဂိတ် အနီးအရောက် လမ်းဘေးတွင် ဆိုင်ကယ်ကို ရပ်တန့်၍ သားမယားပြုကျင့် ခဲ့ကြောင်း တိုင်တန်းချက်တွင် ပါရှိသည်။ ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းက (ပ)၃၈၈/၁၆ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။    https://www.facebook.com/themyanmartimes/?fref=nf


10 Mar 2016     1,312 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS