BEC-TERO TV

စီးရီးသစ်ထွက်ရှိမယ့်ရက်ကို ရွှေ့လိုက်တဲ့ ရတနာမိုင်

11 Mar 2016     1,549 Views


           ရတနာမိုင်က သူ့ရဲ့လေးခွေမြောက်စီးရီးသစ်ကို ဖေဖော်ဝါရီလအတွင်းမှာထွက်ရှိဖို့ ပြင်ဆင်ခဲ့ပေမယ့် သီချင်းတွေ ထပ်မံစီစဉ်ချင်သေးတာကြောင့် သင်္ကြန်အပြီးကို ရက်ရွှေ့လိုက်တယ်လို့ သိရပါတယ်။ “သီချင်းတွေကတော့ ပြီးသလောက်ဖြစ်နေပြီ။ အဲဒါကိုမှ သီချင်းတွေ ထပ်ထည့်လိုက်၊ ပြန်ဖြုတ်လိုက်နဲ့ သေချာပြန်စီစဉ်နေတာ။ ဒီအခွေမှာတော့ ညီမ ကိုယ်တိုင်ရေးတဲ့ သီချင်းတွေမပါဘူး။ ဒါပေမဲ့ ဆိုနေကျမဟုတ်တဲ့ တေးရေး အသစ်တွေရဲ့သီချင်းတွေတော့ ပါတယ်။ မဆိုဖူးတဲ့ ပုံစံအသစ်တွေ ဆိုထားပါတယ်။ ဒီအခွေမှာတော့ Music ပုံစံလေးတွေလည်း Change ထားပါတယ်” လို့ ရတနာမိုင်က ပြောပါတယ်။

            ရတနာမိုင်က ဒီစီးရီးသစ်ကိုတော့ “သူသိစေ” လို့ အမည်ပေးထားပြီး ဒီ “သူသိစေ” သီချင်းကတော့ စီးရီးမထွက်ခင် အွန်လိုင်းမှာ ပထမဆုံးဖြန့်ချိခဲ့တဲ့ သီချင်းလည်းဖြစ်ပါတယ်။ “စီးရီးခေါင်းစဉ်ကိုတော့ “သူသိစေ” လို့ပဲ နာမည်ပေးထားတယ်။ အခုတော့ Show ပွဲတွေ အဆိုများနေတယ်။ Show နည်းနည်းနားတဲ့ အချိန်ဆို ရင်တော့ အခွေကို အချောသတ်ဖို့လုပ်မယ်။ မေ လလောက်အတွင်းမှာ အပြီးသပ်ထွက် ရှိနိုင် ဖို့ စီစဉ်ထားပါတယ်” လို့ ရတနာမိုင် က ပြောပြခဲ့ပါတယ်။        http://popularmyanmar.com/afpopular/


11 Mar 2016     1,549 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment