တစ်ပတ်ရစ် အဝတ်အစား ဟောင်းတွေပဲ ဝယ်ဝတ်တဲ့ ဘီလီယံနာ
14 Mar 2016 1,517 Views

Ingvar Kamprad ဟာ ဒေါ်လာ၎ဘီလီယံပိုင်ဆိုင်ပေမယ့်လည်း ဘယ်တော့မှ အဝတ်အစားအသစ်ဝယ်မဝတ်ပါဘူး။ သူဟာ ပိုက်ဆံအသုံးပြုတာနဲ့ပက်သက်ရင် အရမ်းစည်းကမ်းကြီးပြီး သူ့ရဲ့အဝတ်ဗီဒီယိုဟာလည်း တစ်ပတ်ရစ်အဝတ်အစား တွေနဲ့ ပြည့်နှက်နေပါတယ်။
“ကျွန်တော့်အဝတ်အစားတွေထဲမှာ အဟောင်းဈေးကွက်က မဝယ်ထားတဲ့ အဝတ်အစားတစ်ခုမှ မပါပါဘူး။”လို့ Kamprad ကဆိုပါတယ်။ သူဟာ ဈေးပေါတဲ့ ဆံပင်ညှပ်ဆိုင်တွေမှာပဲ ဆံပင်ညှပ်လေ့ရှိပါတယ်။ ၂၀၀၈တုန်းက ဆွီဒင်သတင်းစာတစ်စောင်ရဲ့အင်တာဗျူး မှာ “ကျွန်တော် တိုးတက်စနိုင်ငံတွေရောက်ရင် ဆံပင်ညှပ်လေ့ရှိပါတယ်။
နောက်ဆုံးတစ်ကြိမ်ညှပ်ခဲ့တုန်းက ဗီယက်နမ်မှာပါ” လို့ ဖြေခဲ့ပါတယ်။ Kamprad ဟာ ဆွီဒင်နိုင်ငံက အိမ်တွင်းပရိဘောဂထုတ်လုပ်တဲ့ IKEA Company ကိုတည်ထောင်ခဲ့တဲ့ ဘီလီယံနာတစ်ယောက် ဖြစ်ပြီးအခုအချိန်မှာတော့ အသက်၉ ၀ကိုရောက်ရှိနေပြီဖြစ်ပါတယ်။