BEC-TERO TV

NLD အစိုးရဖွဲ့နိုင်ပါက လူ့လောကကို ကျောခိုင်းမည်ဟု ကြွေးကြော်ထားသူ ထိုင်းနိုင်ငံ / မဟာချိုင်မြို့မှ အမျိုးသားရေးသမား ကိုတင်မောင်စိန် 14 ထပ်အမြင့်ရှိ ကွန်ဒိုပေါ်မှခုန်ချ

16 Mar 2016     1,297 Views


အချိန်မှီဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း 2နာရီခန့်သာ အသက်ရှင်ပြီး ကွယ်လွန်သွားခဲ့ကြောင်း မဟာချိုင်မြို့မှ ရွှေ့ ပြောင်းလုပ်သမား ဦးဝင်းခိုင်၏ ပြောပြချက်အရ သိရှိရသည်။

ဦးဝင်းခိုင်က " - သူက ကျွန်တော်တို့နဲ့ အလုပ်တူတူလုပ်တာပါ - အင်မတန်ဘာသာတရားကိုင်းရှိုင်းတဲ့ လူငယ်လေးပါ - သူ့လစာရဲ့ ၃ ပုံ ၁ပုံကို အမျိုးသားရေးအတွက်လှူနေကြပါ - သူမကြာခဏပြောခဲ့ပါတယ် ။

' NLD အစိုးရဖွဲ့နိုင်တဲ့နေ့ လောကကြီးကို ကျောခိုင်းမယ်တဲ့ - ဒီနေ့ NLD ကတင်တဲ့ ဦးထင်ကျော် သမ္မတဖြစ်လာတဲ့ သတင်းကြားကြားချင်း သူပျောက်သွားတယ်ဗျာ - ခဏနေမှ အလုပ်ရုံရှေ့က ဆူဆူညံညံအသံကြားလို့သွားကြည့်မှ သူကိုမြင်လိုက်ရတယ် - ဆေးရုံကိုအချိန်မှီပို့ခဲ့ပေမဲ့ 2 နာရီပဲ အသက်ရှင်တယ်ဗျာ - သူ့ရဲ့နောက်ဆုံးဆန္ဒကိုလည်း ကျွန်တော်တို့မဖြည့်ပေးနိုင်ခဲ့ဘူးဗျာ - သူ့နောက်ဆုံးဆန္ဒက ' မုန့်ဟင်းခါးစားချင်တယ်တဲ့ဗျာ ' - သူ့အတွက် ကျွန်တော့်တို့ သားသတ်ရုံအလုပ်သမားတွေလည်း စိတ်မကောင်းဖြစ်နေကြတယ်ဗျာ - လုပ်ဖော်ကိုင်ဖက်တစ်ယောက်လည်းဖြစ် / ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ် / ငါးပါးသီလမြဲတဲ့သူလည်းဖြစ်လို့ ပိုနှမြောမိတယ် - ကောင်းရာသူဂတိလားပါစေဗျာ - " ဟု ပြောကြားခဲ့သည်။


16 Mar 2016     1,297 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS