သင်္ကြန်မှာ သီချင်းဆိုဖို့ စဉ်းစားထားတဲ့ ဖူးစုံ
16 Mar 2016 2,192 Views

၂နှစ်ဆက်တိုက် တရားစခန်းဝင်ခဲ့တဲ့ ဖူးစုံက ဒီနှစ်သင်္ကြန်ကိုတော့ သီချင်းဆိုဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။ "ဒီနှစ်ကိုတော့ သင်္ကြန်မှာ သီချင်းဆိုဖို့စဉ်းစားထားတယ်။ အရင်နှစ်ကတော့ တရားစခန်းဝင်တာပေါ့။ ဘယ်လိုဖြစ်အုံးမလဲ ဆိုတာတော့ သေချာ မသိသေးဘူး"လို့ သူမက ဆိုပါတယ်။
.jpg)
အနုပညာလှုပ်ရှားမှုများအနေနဲ့ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေဖျော်ဖြေပွဲမှာ အနုပညာညီအစ်ကို မောင်နှမများနဲ့အတူ "မရွှေအထက်တန်းစား" ပြဇာတ်မှာ ပါဝင် ကပြမယ်လို့ပြောပါတယ်။ နောက်ထပ်လည်း ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ ရှိတယ်လို့လည်း သိရပါတယ်။
.jpg)





