ALLEGIANT ဇာတ်ကား အထူးပွဲ နယူးယောက်ခ်မှာ စတင်ပြသခဲ့
16 Mar 2016 1,661 Views

Divergent ရဲ့ နောက်ဆက်တွဲ ကားတွေဖြစ်တဲ့ Insurgent နဲ့ Allegiant ဇာတ်ကားတွေမှာ Shailene က Tris ဆိုတဲ့ နေရာက သရုပ်ဆောင်ထားပါတယ်။ Divergent ဇာတ်ကားရဲ့ တတိယမြောက်ဇာတ်ကား ALLEGIANT ကို ပြီးခဲ့တဲ့ တနင်္လာနေ့ 14 ရက်နေ့က နယူးယောက်ခ်မှာ အထူးပွဲ စတင်ပြသခဲ့ပြီး 18 ရက်နေ့မှာ ရုံတင်မယ်လို့ သိရပါတယ်။
ဇာတ်ကားထဲမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Shailene Woodley ကတော့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ပွဲတက်လာပါတယ်။ အပေါ်အောက် တစ်ဆက်တည်းချုပ်ထားတဲ့ အနက်ရောင် ဝတ်စုံက သူမရဲ့ ၅ ပေ ၈ လက်မရှိတဲ့ အရပ်အမောင်းကို ပိုပြီး ရှည်လာသယောင် ထင်ရစေပါတယ်။

ဇာတ်ကားထဲမှာ သူမအတွက် အခက်ခဲဆုံးအပိုင်းကတော့ ပြေးရတာပါပဲလို့ သူမက ဆိုပါတယ်။ Divergent, Insurgent နဲ့ Allegiant ဇာတ်ကားတွေမှာ Shailene Woodley က Tris ဆိုတဲ့ နေရာကနေပဲ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။





