BEC-TERO TV

ဗြိတိန်မှာ အချိုရည်များအပေါ် သကြားခွန်ကောက်ခံမည်

17 Mar 2016     1,426 Views


         ဗြိတိန်နိုင်ငံမှာ သကြားဓာတ်ပမာဏ ကျော်လွန်ပါဝင်နေတဲ့ အချိုရည်များအပေါ် ၂ နှစ်အတွင်း သကြားခွန် စည်းကြပ် ကောက်ခံသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီး အော့စ်ဘွန်းက ယနေ့ (မတ်လ ၁၆ ရက်) ပြောကြားလိုက်ပါတယ်။ ကလေးအရွယ်ကတည်းက အဝလွန်နေမှုကို လျှော့ချနိုင်ရန်အတွက် အချိုရည်များအပေါ် သကြားခွန် စည်းကြပ်သွားမှာ ဖြစ်ပါတယ်။ အချိုရည် ၁၀၀ မီလီလီတာမှာ သကြားဓာတ်ပမာဏ ပါဝင်မှု ၅ ဂရမ်ထက် ပိုမိုနေတဲ့ အချိုရည်များအပေါ် သကြားခွန် စည်းကြပ်ကောက်ခံသွားရန် စီစဉ်ထားကြောင်း သိရပါတယ်။

        ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သကြားခွန်ကောက်ခံမယ့် အစီအစဉ်ကို ကြိုဆိုကြပါတယ်။ အချိုရည် ၁၀၀ မီလီလီတာမှာ သကြားဓာတ်ပမာဏ ၅ ဂရမ်နဲ့ ၈ ဂရမ်အထက် ပါဝင်နေတဲ့ အချိုရည် နှစ်မျိုးအပေါ် တစ်နှစ်လျှင် ပေါင်စတာလင် သန်း ၅၂၀ အထိ အခွန်ငွေ တိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပါတယ်။ အချိုရည်များအပေါ် တိုးမြှင့်ကောက်ခံရာမှ ရရှိတဲ့ အခွန်ငွေကို ဗြိတိန်ကျောင်းများမှာ အားကစား လှုပ်ရှားမှုတွေအတွက် အသုံးပြုသွားမှာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

http://www.duwun.com.mm/


17 Mar 2016     1,426 Views




RELATED

Most Popular of Special or Others

Most Popular of NEWS